ဒီကနေ့ အောက်တိုဘာ ၁၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးထားတဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် NLD အစိုးရခေါင်းဆောင်တွေဟာ နိုင်ငံရေးအကျဉ်းသားမဟုတ်ဘဲ အကျင့်ပျက်လာဘ်စားတဲ့အတွက် ပြစ်ဒဏ်ကျခံရသူတွေသာ ဖြစ်တယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ သက်သက်ခိုင်က ပြောဆိုလိုက်ပါတယ်။
- နေပြည်တော်မှာ မဲစာရင်းမှားတယ်လို့ ဝေဖန်ခဲ့တဲ့ ဘူးလက်လှဆွေကို အောက်တိုဘာ ၈ ရက်နေ့ ညပိုင်းက စစ်တပ်က နေအိမ်ကနေ လာရောက်ခေါ်ဆောင်သွားပြီး မနေ့ကညနေအထိ အဆက်အသွယ်မရဘူးလို့ သိရပါတယ်။
- ပဲခူးတိုင်း ပြည်မြို့နယ် ခွေးရဲကျေးရွာက အကြမ်းဖက်စစ်တပ်လက်ပါးစေ ပျူစောထီးခေါင်းဆောင် လှမြင့်မှာ လက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ ဖမ်းဆီးတာခံလိုက်ရတဲ့ သတင်းအပါအဝင် မနက်ခင်း သတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
