26.1 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရန်ကုန်-ဒလတံတား နောက်ဆုံးအဆင့်ကို အကြမ်းဖက် မင်းအောင်လှိုင် လာကြည့်ဖို့ရှိလို့ဆိုပြီး မြစ်ကူး သမ္ဗာန်ဆိပ်တွေအားလုံး ပိတ်ပင်ခဲ့တဲ့အပြင် မြစ်အတွင်း စစ်သင်္ဘောတွေပါ ကင်းလှည့်ခဲ့ရုံတင်မက ဒလမြို့နယ်နဲ့ ရန်ကုန်မြို့ဆိပ်ကမ်းဝန်းကျင်တစ်ခုလုံးကိုပါ စစ်တပ်က လုံခြုံရေးတွေ တင်းကျပ်ခဲ့ပြန်တယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ကချင်ပြည်နယ်က ဗန်းမော်မြို့တွင်းမှာရှိတဲ့ အကြမ်းဖက် စစ်တပ် တပ်စွဲထားရာ နေရာ ၅ ခုထက်မနည်းကို KIA ပူးပေါင်းတပ်တွေ ပြန်လည် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်တပ်ကို တန်ပြန်ထိုးစစ်ဆင်နေပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မန္တလေးတိုင်း ၊ ငါန်းဇွန်မြို့နယ်က မြို့သာဈေးမြောက်ဘက်ထောင့်မှာ ပြည်သူတွေဆီကနေ ဆက်ကြေးကောက် နေတဲ့ အကြမ်းဖက် စစ်တပ် တပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ၃ ဦးကတော့ အသီးသီး သေကုန်ကြတဲ့အပြင် နောက်ထပ် ၂ ဦးက ပြင်းထန်ဒဏ်ရာရသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article