28.6 C
Yangon

မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ရွာ ပျူစောထီး အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၃

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ရွာ ပျူစောထီး အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ ကြယ်တစ်ပွင့်တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၁၂ ရက်နေ့ မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ရွာရှိ ပျူသောထီး အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲသည် ၃ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများ ကျောက်ပြုတ်ရွာမှ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် တော် လှန်ရေး ရဲဘော်များလည်း နယ်မြေရှင်းလင်းရေး ပြုလုပ်ကာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ကျောက်ပြုတ်ကျေးရွာက ပျူစောထီး အထိုင်စခန်းကို ကျနော်တို့ ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲဖြစ်ပွားတာတော့ ၃ နာရီလောက် ကြာမြင့်ခဲ့ပါတယ်။ စစ်ခွေးတွေဘက်ကတော့ ၁၀ ကောင်သေဆုံးတယ်လို့ အတည်ပြုနိုင်ခဲ့ပါတယ်။ ဒဏ်ရာရတာလည်း အရမ်းများတယ်။ ကျနော်တို့ ရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ပြည်သူ့ ကြယ်တစ်ပွင့်တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ ကြယ်တစ်ပွင့်တပ်ဖွဲ့၊ MGN Danger Dynamites ၊ MGRF PDF တပ်ဖွဲ့ ၊ တာလီဖိုက် PDF တပ်ဖွဲ့ နှင့်မြင်းခြံ ပကဖ တပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article