27 C
Yangon

ဖားကန့်မြို့နယ်၊ မလန်းကျေးရွာအနီးတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃၀ ကျော်သေဆုံးဟုဆို၊ ဗန်းမော်တိုက်ပွဲတွင်လည်း ဗိုလ်မှူး ၁ ဦး အပြင်းအထန်ဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မလန်းကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ၃၀ ကျော်သေဆုံးသွားကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၆ ရက်နံနက်ပိုင်းမှ အောက်တိုဘာလ ၁၁ ရက်နေ့အထိ ဖားကန့်မြို့နယ်၊ မလန်းကျေးရွာအနီး တိုက်ပွဲများ ဆက် တိုက်ပြင်း ထန်ခဲ့ပြီး စစ်တပ်ဘက်မှ အထိနာခဲ့ကြောင်း၊ စစ်တပ်က အထိနာသဖြင့် လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ၃၀ ကျော်သေဆုံးပြီး ဒုတပ်ရင်းမှူး ၁ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ဖားကန့်မြို့၊ ဖားကန့်အရှေ့ဘက်ခြမ်း၊ မလန်းရွာတဝိုက်မှာ စစ်ကောင်စီက လုံးခင်း၊ ယမ်းချက် ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ အတွက် တိုက်ပွဲဖြစ်တာ ဆက်တိုက်ပါပဲ။ စစ်တပ်ဘက်မှ ၃၀ ကျော်သေတယ်။ စစ်တပ်ဘက်မှ ဒုတပ်ရင်းရင်းမှူး ၁ ဦး ပြင်းထန်ဒဏ်ရာရသွားတယ်” ဟု KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် ဖားကန့်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁ ဦးကိုလည်း အရှင်ဖမ်းဆီးရရှိပြီး အဆိုပါ ဖမ်းဆီးရရှိသော တပ်သားမှာ စနိုက်ပါ ကျွမ်းကျင်တပ်သားဖြစ်ကာ နာမည်မှာ အောင်လင်းဦးဖြစ်ကြောင်း၊ တပ်ရင်း ၃၈၄ မှ ဖြစ်ကြောင်း သိရှိရသည်။

ဖားကန့်မြို့နှင့်အနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်နေသည်မှာ ၄ လကျော်ကြာမြင့်နေပြီဖြစ်ပြီး စစ် ကောင်စီ တပ်သား ၊ ပြည်သူ့စစ် ရာဂဏန်း ထိခိုက်သေဆုံးထားကြောင်း၊ ထိုသို့ ထိခိုက်သေဆုံးမှုများ ပြားသဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး၊ ဒရုန်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ပြည်သူ ၉၀ နီးပါး သေဆုံးပြီး ၂၇၀ နီးပါး ဒဏ်ရာရရှိ ထားကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၁၃ ရက်နေ့ ဗန်းမော်တိုက်ပွဲတွင်လည်း စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိပြီး သေဆုံးနိုင်ကြောင်း သိရှိရသည်။

“မနေ့ ဗန်းမော် တိုက်ပွဲပြင်းထန်တယ်။ စစ်ခွေးတပ်ဘက်က ဗိုလ်မှူး တစ်ယောက် ပြင်းထန်ဒဏ်ရာရသွား တယ်။ အခြေအနေမကောင်းဘူးလို့သိရတယ်။သေဖို့များတယ်” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article