28 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် မင်းအောင်လှိုင်က နူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရေး စီမံကိန်းကို လက်တွေ့ အမြန်စတင်ချင်ပေမယ့်လည်း ရုရှားက တုံ့ပြန်မှုတွေ နှေးနေတာ ကြောင့် စစ်အုပ်စုက အားမလို အားမရဖြစ် နေတယ်လို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။
  • တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အမတ ၃၀၂ တပ်ရင်းက လက်နက်ခဲယမ်း ပို့ဆောင်ဖို့ ထွက်လာတဲ့ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက် စစ်တပ်ဘက်က ၅ ဦး သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
  • ချင်းပြည်နယ်ဘက်မှာတော့ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟားရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်တာကြောင့် အသက် ၈ နှစ်နှင့် ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦးသေဆုံးပြီး ၂၁ ယောက် ထိခိုက်ဒဏ်ရာရကာ အဲ့ဒီထဲက ၂ ဦးက စိုးရိမ်ရတယ်လို့ CDF-Hakha က ထုတ်ပြန်ထားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article