31 C
Yangon

တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာတွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးဟုဆို၊ စစ်တပ်က ယင်းရွာတွင် အမျိုးသမီး ၆ ဦးကို မုဒိမ်းကျင့်ခဲ့ပြီး ပြည်သူ ၂ ဦးကို သတ်ဖြတ်ခဲ့

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာရှိ နေအိမ်များတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မူတူး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာ အဝင်လမ်းဘေးရှိ နေအိမ်များတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို မင်းသားကြီးစစ်ကြောင်းမှ ဦးဆောင်ပြီး ၆၀ မမ ၊ ၄၀ မမ ၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၆ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ရုံးစည်ကြီးကျေးရွာ အဝင်လမ်းဘေးဝဲယာတလျှောက်မှာရှိ ပြည်သူပိုင် နေအိမ်တွေတွင် တပ်စွဲထားတဲ့ စစ်ခွေးတွေကို ၆၀ မမ၊ ၄၀ မမ၊ လက်နက်ငယ်တွေနဲ့ သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ လက်နက်ကြီးထိမှန်ပြီး စစ်ခွေး ၆ ကောင် သေဆုံးတယ်။ စစ်ခွေးတွေက ရုံးစည်ကြီးကျေးရွာမှာ ကျည်တစ်‌ချက်ပေါက်ရင် ပြည်သူပိုင် နေအိမ် ၁ လုံးမီးရှို့မယ်လို့ ကြိမ်းမောင်းနေပါတယ်” ဟု မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မူတူးက ပြောဆိုသည်။

အဆိုပါ ရုံးစည်ကြီးရွာတွင် အကြမ်းဖက် စစ်တပ်က စက်တင်ဘာလ ၁၅ ရက်၊ ၁၆ ရက်နှင့် ၁၇ ရက်နေ့တို့၌ အသက် ၁၆ နှစ် မှ အသက် ၅၆ နှစ်အရွယ် အမျိုးသမီး ၆ ဦးကို အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ခဲ့ပြီး ကျေးရွာသား အသက် ၄၅ နှစ်အရွယ် ကိုရဲ နှင့် အသက် ၅၆ နှစ်အရွယ် ဦးသောင်းညွန့် တို့ကိုလည်း ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article