31 C
Yangon

ရေးမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၂ ဦး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို ၃ ရက်ဆက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၂ ဦး သေဆုံးခဲ့ကြောင်း Mon State Revolutionary Force – MSRF မှ ပြောရေး ဆိုခွင့်ရှိသူ မိတလဉာဏ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် ရေးမြို့နယ်၊ ကနင်က‌မော့ရွာအနီး စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ပြောက်ကျားစနစ်ဖြင့် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ တပ်ကြပ် ၁ ဦး အပါအဝင် ၂ ဦး သေဆုံးပြီး တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ယင်းနေ့ ညနေ ၄ နာရီခန့်တွင် အောင်သာယာရွာ နှင့် လိမ္မော်ခြံရွာ ကားလမ်းအနီးတွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ ကြားဖြတ် တိုက်ခိုက်စဉ် တိုက်ပွဲ မိနစ် ၂၀ ခန့် ဖြစ်ပွားခဲ့ပြီး စစ်သား ၁ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်အချိန် အောင်သပြေ ဘုန်းကြီးကျောင်းအနီးရှိ အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံး ၂ လုံးကျဲချခြင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တို့ကြောင့် စစ်သား ၁ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်အချိန်တွင်လည်း ဘေလမိုင်း‌ကျေးရွာမှ အေးကမ္ဘာ‌ ကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် တိုက်ပွဲ မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့ကာ စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၈ ဦးသေဆုံးကာ ၅ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရှိရသည်။

” ၃ ရက်တာ တိုက်ပွဲမှာ စစ်ခွေး ၁၂ ကောင် သေဆုံးတာကို မြေပြင် သတင်းအရင်းအမြစ်ကနေ အတည်ပြုခဲ့ပါတယ်။ အခုလက်ရှိအချိန်အထိ စစ်ခွေးထပ်တိုး သေဆုံးတဲ့ သတင်းမရှိသေးပါဘူး။ ဒီတိုက်ပွဲမှာ အရှင်ဖမ်းမိတဲ့ စစ်ခွေးမရှိပါဘူး။ အရပ်သားပြည်သူများ အနေနဲ့ ရန်သူ့ စစ်ကြောင်း သတင်းအခြေအနေကို နားစွင့်ပြီး သတိနဲ့ သွားလာ လှုပ်ရှားဖို့ တိုက်တွန်းလိုပါတယ်” ဟု Mon State Revolutionary Force – MSRF မှပြောရေး ဆိုခွင့်ရှိသူ မိတလဉာဏ်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဖြစ်သော မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ ရာမညတပ်‌တော် (RMA)၊ KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁)၊ ဗျူဟာ (၃၃) ဒေါနချေမှုန်းရေးတပ်ခွဲ၊ နှင့် တပင်ရွှေထီးတပ် တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article