31 C
Yangon

ဝက်လက်မြို့နယ်ရှိ သမန်သာရွာ စာသင်ကျောင်း အပါအဝင် ရွာသာကြီးရွာကို စစ်တပ်က လေယာဉ်၊ Gyrocopter ၊ စက်တပ်လေထီးများဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရပြီး အဆောက်အဦးများ ပျက်စီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ သမန်သာရွာ စာသင်ကျောင်း အပါအဝင် ရွာသာကြီးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ Gyrocopter ၊ စက်တပ်လေထီးများဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရပြီး အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း နွေဦးအောင်ပွဲ (တော်လှန်ရေး အင်အားစု) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်တွင် ဝက်လက်မြို့နယ် သမန်သာကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦးများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ထို ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပေါက်ကွဲခြင်းမရှိသော ဗုံး ၁ လုံးကို ရွှေဘိုခရိုင်တပ်ရင်း ၁ နှင့် ဝက်လက်မြို့နယ် ပကဖ တို့က ပူးပေါင်း ရှင်းလင်းပေးခဲ့ကြောင်း သိရှိရသည်။

အလားတူ ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်က ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာကို Gyrocopter ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း၊ ရွာသာကြီးရွာကို အကြမ်းဖက် စစ်တပ်က အောက်တိုဘာလ ၁၃ ရက်နေ့မှ စတင်ပြီး လက်ရှိချိန်ထိ လေယာဉ်၊ Gyrocopter များဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရကာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“မနေ့က သမန်သာကျေးရွာကို စစ်ခွေးတွေ ဗုံးကျဲသွားတာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးသွားတယ်။ ရွာသာကြီးရွာကိုက စစ်ခွေးတွေက နေ့စဉ်ကို လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်နေတာပါ။ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရတယ်လို့တော့ သိထားရတယ်” ဟု နွေဦးအောင်ပွဲ (တော်လှန်ရေး အင်အားစု) မှ တာဝန်ရှိသူက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article