31 C
Yangon

စစ်ခေါင်းဆောင်နှင့် စစ်တပ်ကို သိက္ခာကျစေမှုဖြင့် သမီးဆိုး (ခ) သက်ကိုကို ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ထပ်မံ အမှုဖွင့်လိုက်ပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ကိုပါ တစ်ပါတည်း အမှုရင်ဆိုင်ရမည်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်တပ်ကို သိက္ခာကျစေမှုဖြင့် သမီးဆိုး (ခ) သက်ကိုကို ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ထပ်မံ အမှုဖွင့်လိုက်ပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ကိုပါ တစ်ပါတည်း အမှုရင်ဆိုင်ရမည်ဖြစ်ကြောင်း သမီးဆိုး၏ မိတ်ဆွေဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အွန်လိုင်းပေါ်တွင် မင်းအောင်လှိုင်နှင့် မိန်းမကြူကြူလှ အပါအဝင် စစ်အရာရှိများကို သိက္ခာကျစေရန် ပြောဆိုခဲ့သည့် အမှုဟောင်းများဖြင့် တိုင်ကြားခံရသော အမေရိကန်နိုင်ငံသူ သမီးဆိုး(ခ) သက်ကိုကိုအား အောက်တိုဘာလ ၁၂ ရက်နေ့ ရန်ကုန် လေဆိပ်တွင် ဖမ်းဆီးပြီး ပြင်ဦးလွင်ရဲစခန်းသို့ အော်ကတိုဘာလ ၁၃ ရက်နေ့ တွင် ပို့ဆောင်ခဲ့ကြောင်း၊ သမီးဆိုးတွင် အေသင်ကိုက အမှုဖွင့် စွဲဆိုထားသော ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) အပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)ကိုပါ တစ်ပါတည်း အမှုရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

သမီးဆိုးကို ပြင်ဦးလွင်ရဲစခန်းတွင် စစ်တပ်မှ အရာရှိတစ်ဦက အမှုဖွင့်ထားခြင်းဖြစ်ပြီး လတ်တလောကျန်းမာရေး မကောင်းမွန်ဟု သိရှိရကြောင်း သမီးဆိုး၏ မိတ်ဆွေဖြစ်သူက ရှင်းပြသည်။

“မစားနိုင် မသောက်နိုင်ဘူး။ ကျန်းမာရေး မကောင်းဖြစ်နေတယ်လို့ သိရတယ်။ ရှေ့နေတွေ ဘာတွေ ငှားခွင့်ရှိတယ်ဆိုပြီး သက် ဆိုင်ရာက ပြောတယ်” ဟု သမီးဆိုး၏ မိတ်ဆွေဖြစ်သူက ဆိုသည်။

ယနေ့ ထုတ်စစ်တပ်၏ ဝါဒဖြန့် သတင်းစာများတွင် သမီးဆိုးကို Shwe Thet ဖေ့ဘုတ်စ်အကောင့်မှ နိုင်ငံတော်တည်ငြိမ်ရေးနှင့် အေးချမ်းရေး ပျက်ပြားစေရန်အတွက် ရေးသားဖြန့်ဝေမှုဖြင့် အောက်တိုဘာလ ၁၃ ရက်နေ့ ပြင်ဦးလွင်ရဲစခန်းက အမှုဖွင့်ထားကြောင်း စစ်တပ်က သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း၊ ခရီးစဥ်အမှတ် 8M 335 ဖြင့် ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံသုဝဏ္ဏဘူမိလေဆိပ်သို့ ထွက်ခွာမည့် သက်ကိုကို (သမီးဆိုး) ကို စစ်တပ်က ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သမီးဆိုးမှာ အမေရိကန်နိုင်ငံသူဖြစ်ပြီး ဖမ်းဆီးခံချိန်တွင် သားဖြစ်သူနှင့် ခင်ပွန်းဖြစ်သူတို့မှာ ပြင်ပတွင် ကျန်ရစ်ခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article