ဒီကနေ့ အောက်တိုဘာ ၁၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖြစ်နိုင်တာသာ ပြောဖို့နဲ့ မဖြစ်နိုင်တာတွေ မပြောကြပါနဲ့” ဆိုပြီး ပြောဆိုလာပြန်တဲ့အပြင် ၊ နိုင်ငံတစ်ဝှမ်း ကလေးသူငယ်ပါမချန် ဗုံးကျဲသတ်ဖြတ်နေတဲ့ သူကိုယ်တိုင်က “ပညာရေးအတွက် သားသမီးချင်း၊ ကျောင်းသားချင်းစာနာ တတ်ကြဖို့ပြောနေပြန်တဲ့အပြင် နိုင်ငံကို ဒုက္ခရောက်အောင် မလုပ်ကြဖို့”လိုအပ်တယ်ဆိုပြီး အကြမ်းဖက် မင်းအောင်လှိုင် ကပြောဆိုလိုက်ပြန်ပါတယ်။
- စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်က ဆုတောင်းပြည့်ဘုရားပွဲ စတိတ်ရှိုးကနေ ပွဲကြည့်ပြီး ပြန်လာတဲ့ လူငယ် အယောက် ၃၀ ကျော် ကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ မုံရွာလမ်း Information ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- တနင်္သာရီတိုင်း၊ လောင်းလုံးမြို့အနီးက ကျေးရွာနေ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးဖို့လာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခြေမှုန်းရာမှာ စစ်တဘက်က ၈ ဦးကတော့ အသီးသီးသေကုန်ကြတဲ့အပြင် ၊ စစ်တပ်က ဖမ်းဆီးလာတဲ့ လူငယ် ၆ ဦးကိုပါ တော်လှန်ရေးတပ်တွေက ကယ်တင်နိုင်ခဲ့တယ်လို့
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
