31 C
Yangon

မိတ္ထီလာနှင့် ရေတာရှည် မြို့နယ်တို့တွင် စစ်မှုထမ်း အပတ်စဉ် ၁၈ အတွက် လူငယ် ၆၇ ဦးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က ဆိုင်ကယ် ၂ ဦးစီးနင်းသည့် လူငယ်များကို စစ်မှုထမ်း အပတ်စဉ် ၁၈ အတွက် ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ ည ၈ နာရီခန့်မှ စတင်ပြီး မိတ္ထီလာမြို့ရှိ ဘဲကန်ဈေးအနီးတွင် အကြမ်းဖက် စစ်သားများက စစ်မှုထမ်း အမှတ်စဉ် ၁၈ အတွက် ဆိုင်ကယ် ၂ ဦး စီးနင်းသည့် လူငယ် ၂၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးသွားသော လူငယ် ၂၀ ကျော်များကို အကြမ်းဖက် စစ်တပ်က ခလရ-၁၁၃ တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိချိန်ထိ လူငယ်များ၏ မိသားစုဝင်များက ပေါ်တာဆွဲ ဖမ်းဆီးခံရသည်ကို မသိရှိသောကြောင့် လာရောက် ထုတ်ယူခြင်းမရှိသေးကြောင်း သိရှိရသည်။

အလားတူ အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း မိတ္ထီလာမြို့နယ်အတွင်း အကြမ်းဖက် စစ်သားများက အိမ်စီးကားများဖြင့် လိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးရာ လူငယ် ၇ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် စစ်မှုထမ်းလျာထားချက် မပြည့်မှီသောကြောင့် စစ်သင်တန်း အပတ်စဉ်များ မပြီးခင် လူငယ်များကို စုဆောင်းပြီး ထပ်တိုးအင်အားအဖြစ် ရသမျှဖမ်းဆီးပို့ဆောင်နေကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ဘူတာရုံများ၊ ကားဂိတ်များကို ပစ်မှတ်ထားပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင်လည်း မြို့နယ် ထွေ/အုပ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဥက္ကာသန်းကလည်း စစ်မှုထမ်း အပတ်စဉ် ၁၈ အတွက် လူငယ် ၄၀ ဦး ကို ပေါ်တာဆွဲ ဖမ်းဆီးကာ စစ်မှုထမ်းရန် ပို့ဆောင်ပေးခဲ့ကြောင်း ထွေ/အုပ်ရုံး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလအတွင်း ရေတာရှည်မြို့နယ်၌ စစ်မှုထမ်း တပ်သားသစ် လူငယ် ၃၇ ဦးကို ပေးပို့ရန် အကြမ်းဖက် စစ်တပ်က စေခိုင်းခဲ့သော်လည်း လက်ထောက်ညွှန်ကြားရေးမှူး ဥက္ကာသန်းက လူငယ် ၄၀ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးကာ စစ်မှုထမ်း တပ်သားသစ် အဖြစ် စစ်တပ်ထဲ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဥက္ကာသန်းကဆိုတဲ့ စစ်ခွေး လက်ပါးစေက ရေတာရှည်မြို့နယ်ထဲက မပြောင်းရွေ့ရရေးအတွက် စစ်မှုထမ်းစုဆောင်းမှုကို လျာထားချက် ပြည့်မှီအောင် စုဆောင်းပေးလေ့ရှိပါတယ်။ ယခုလအတွက် တိုင်းစစ်ကောင်စီက စစ်မှုထမ်း တပ်သားသစ် ၃၇ ဦးအချိုးကျ တောင်းဆိုတာကို လူငယ် ၄၀ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စုဆောင်းရေးကို ပို့ဆောင်ပေးလိုက်ပါတယ်” ဟု ထွေ/အုပ်ရုံး သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဥက္ကာသန်းသည် မြို့နယ်အတွင်း၌ တာဝန်ကျနေသည်မှာ ၅ နှစ်ခန့်ရှိပြီ ဖြစ်ပြီး စစ်မှုထမ်းရန် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးသည်မှာ လွန်စွာ တာဝန်ကျေသူဖြစ်ကြောင်း၊ ရေတာရှည်မြို့နယ်ထဲတွင်လည်း ၎င်း မယားဖြစ်သူ ပိုင်ဆိုင်သော ရွှေဆိုင်နှင့် အိမ်ခြံမြေများစွာရှိကြောင်း သိရသည်။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလ စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြသည့် ပြည်သူများကို အကြမ်းဖက် ဖမ်းဆီးစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလ စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြသည့် ပြည်သူများကို အကြမ်းဖက် ဖမ်းဆီးစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article