30 C
Yangon

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း ၃၂ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး ကျောသိန်းနှင့်အဖွဲ့က နေ့ခင်းအချိန် လူငယ်များကို စစ်မှုထမ်းအတွက် ပေါ်တာဆွဲ ဖမ်းဆီး၊ စလင်းတွင်လည်း​ ပေါ်တာဆွဲဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်နေဆဲ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အမှတ် ၃၂ ရပ်ကွက်တွင် နေ့ခင်းအချိန် ရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်သိန်းနှင့်အဖွဲ့က လူငယ်များကို စစ်မှုထမ်းအတွက် ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်တချို့၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုလအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၁၈ အတွက် သတ်မှတ် လူငယ်အရေအတွက် မပြည့်မီဟု အကြောင်းပြကာ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် အမှတ် ၃၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကျော်သိန်း၊ နောက်လိုက် တပည့် ရဲဝင်းထွေးနှင့် ထောင်ထွက် သူခိုးများက နေ့ခင်းအချိန် လူငယ်များကို လိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးကြောင်း၊ ဖမ်းဆီးရရှိသော လူငယ်များအနက်မှ ငွေကြေးတတ်နိုင်သူများကို လူငယ် ၁ ဦးလျှင် အနည်းဆုံး သိန်း ၅၀ ကျပ်ဖြင့် ပြန်လည် ရွေးခိုင်းနေကြောင်း သိရှိရသည်။

” ၃၂ ရပ်ကွက်အုပ်ကြီး ကျော်သိန်း၊ နောက်လိုက် ရဲဝင်းထွေးနဲ့ ထောင်ထွက်သူခိုး တစ်သိုက် နေ့ခင်းအချိန် လူငယ်တွေကို လိုက်ပေါ်တာဆွဲတာ။ ရပ်ကွက်ထဲကတင်မဟုတ်ဘူး။ ကားမှတ်တိုင်၊ လမ်းကြို လမ်းကြားသွားလာနေတဲ့သူတွေကိုပါ ဆွဲတာ။ ပြီးရင် ငွေညှစ်တယ်။ ငွေမပေးနိုင်ရင် စစ်မှုထမ်းပို့တယ်။ နောက်ပြီး ရပ်ကွက်ထဲမှာလည်း စစ်မှုထမ်းကြေးဆိုပြီး တစ်အိမ်ထောင်ကို ငွေသောင်းနဲ့ချီ ကောက်တယ်။ အတော်ကို ဆိုးဆိုးရွားရွား ရန်ကုန်မြို့ပေါ်လိုနေရာမျိုးတောင် လုပ်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ စလင်းမြို့နယ်ထဲရှိ လမ်းပိုင်းနှင့် မြို့ပေါ် ရပ်ကွက်ထဲတို့တွင် အကြမ်းဖက် စစ်တပ်က လူငယ် ၄ ဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ ညပိုင်း စလင်းမြို့နယ်ရှိ ဆင်ဖြူကျွန်း – စလင်းလမ်းပိုင်းတွင် Micky-Myanmar Wifi ကုမ္မဏီဝန်ထမ်း အသက် ၂၅ နှစ်အရွယ် အမျိုးသားလူငယ် ၂ ဦးသည် အလုပ်က ပြန်လာစဥ် အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထို့အတူ အောက်တိုဘာ ၁၅ ရက်နေ့ ညနေ ၅ နာရီ ၃၀မိနစ်ခန့်အချိန် စလင်းမြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများက သေနတ်များပစ်ဖောက်ပြီး မြို့ထဲနှင့် ရပ်ကွက်များအတွင်းမှ လူငယ် ၂ ဦးကို ဖမ်းဆီးပေါ်တာဆွဲ ခေါ်ဆောင်သွားကြောင်း၊ ဖမ်းဆီးထားသော လူငယ်များကို စလင်းမြို့မရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း သိရှိသည်။

အလားတူ အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း စလင်းမြို့နယ်၊ ဆိတ်ကြီးကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူငယ် ၁ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကာလ ရန်ကုန်တွင် လူငယ်များကို စစ်တပ်နှင့်ရဲများက အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၁ ခုနှစ် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကာလ ရန်ကုန်တွင် လူငယ်များကို စစ်တပ်နှင့်ရဲများက အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article