30 C
Yangon

စစ်ကိုင်း-မင်းကွန်းလမ်းတွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ခလရ ၁၁၆ မှ ဗိုလ်ကြီး မင်းထွန်းစိုး အပါအဝင် စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၇ လက်ရရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်း၊ စစ်ကိုင်း-မင်းကွန်းလမ်းတွင် စစ်တပ်စစ်ကြောင်းကို စောင့်ကြို တိုက်ခိုက်မှု ခလရ ၁၁၆ မှ ဗိုလ်ကြီး မင်းထွန်းစိုး အပါအဝင် စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၇ လက်ရရှိကြောင်း ယူနီကွန်းပျောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ စစ်ကိုင်း-မင်းကွန်းလမ်း၊ ပေါက်တောကျေးရွာတွင် ပြည်သူများကို ဖမ်းဆီး စစ်ဆေးနေသော အင်အား ၂၀ ခန့်ါ စစ်တပ်စစ်ကြောင်းကို ယူနီကွန်းပျောက်ကျားတပ်ဖွဲ့က ကင်းပုန်းဝပ် အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲတွင် ခလရ ၁၁၆ မှ ဗိုလ်ကြီး မင်းထွန်းစိုး အပါအဝင် စစ်သား ၅ ဦး မျက်မြင်သေဆုံးခဲ့ကြောင်း၊ အခြား စစ်သား ၁၅ ဦးထလည်း ထိခိုက်ဒဏ်ရာရရှိပြီး ပြည်သူများထံမှ ဆိုင်ကယ်နှင့်ကားများကို အတင်းလုယူထွက်ပြေးသွားကြောင်း သိရှိရသည်။

“စစ်ခွေး သေစာရင်းက ထပ်တိုးတော့မသိရသေးပါဘူး။ စစ်ခွေး အရှင်ဖမ်းမိတာမျိုး မရှိပါဘူး။ စစ်ခွေးတွေက ပြည်သူတွေရဲ့ ကားနဲ့ဆိုင်ကယ်တွေ လုပြီး ထွက်ပြေးတာ။ သူတို့အတွက်နေရာတိုင်းက မလုံခြုံဘူး ဆိုတာပြချင်တာပါ”ဟု ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ – UGF မှ တာဝန်ခံက ပြောဆိုသည်။

အဆိုပါ စစ်တပ်စစ်ကြောင်းထံမှ MA1 သေနတ် ၂ လက်၊ MA3 သေနတ် ၃ လက် ၊ MA5 ၁ လက်၊ ခြောက်လုံးပြူး ၁ လက်၊ အီနာဂါတလုံးအိုင်ကွန်တစ်ခု သိမ်းဆည်းရမိပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံးခဲ့ရကြောင်း၊ ပြည်သူများအနေဖြင့် စစ်တပ်နှင့် တတ်နိုင်သမျှ ခပ်ဝေးဝေးတွင် နေထိုင်ကြရန် ယူနီကွန်းပျောက်ကျားတပ်ဖွဲ့က သတိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article