28 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ပဲခူးတိုင်း ၊ လက်ပံတန်းမြို့နယ်က သရက်ချောင်း ကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနဲ့ တော်တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်တပ်ဘက်က စစ်သား အယောက် ၂၀ ကတော့ အသီးသီး သေကုန်ကြတဲ့အပြင် ၊ အဲ့ဒီ့ စစ်သား မသာအလောင်းတွေ ဆီကနေ သေနတ် ၁၉ လက်ကိုပါ တပါတည်း သိမ်းဆည်းရရှိထားရုံတင်မက နောက်ထပ် စစ်သား ၁၂ ဦးကိုလည်း အရှင်ဖမ်းဆီးရမိထားတယ်လို့ တိုက်ခိုက်မှုအတွင်း ပါဝင်နေတဲ့ PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ်မှာ အရင်က လက်မှတ်ထိုးခဲ့တဲ့အဖွဲ့တွေ မပါသည့်တိုင်အောင် NCA လုပ်ငန်းစဉ်တွေကို ဆက်သွားမယ်ဆိုပြီး အကြမ်းဖက် စစ်တပ်ပြောခွင့်ရ ဇော်မင်းထွန်း ကပြောဆိုလာပြန်ပါတယ်။
  • စစ်ကိုင်း-မင်းကွန်းလမ်းမှာ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခြေမှုန်းမှု အတွင်း စစ်တပ်ဘက် ခလရ ၁၁၆ ဗိုလ်ကြီး မင်းထွန်းစိုး အပါအဝင် စစ်သား ၅ ဦးကတော့ အသီးသီး သေကုန်ကြတဲ့အပြင် ၊ သေနတ် ၇ လက်ကိုပါ တပါတည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ယူနီကွန်းပျောက်ကျား တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article