27 C
Yangon

မုံရွာမြို့နယ်၊ ကျောက္ကာလမ်းမပေါ်တွင် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားဟုဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာလမ်းပေါ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိပြီး သံပြားကာ ကားဖြင့် သယ်ဆောင်သွားကြောင်း မုံရွာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် မုံရွာမြို့နယ်၊ စီးပွားရေးတက္ကသိုလ်၌ တပ် စွဲထားသော ခြေလျင်အကြမ်းဖက်စစ်သားများ ၁၀၀ ခန့်သည် သံပြားကာ ကား ၂ စီးဖြင့်ကျောက္ကာ လမ်းမပေါ်ရှိ ရွှေဂူနီဘုရားတွင် တပ်စွဲထားသော စစ်သားများထံသို့ ရိက္ခာပို့ရန်ထွက်လာခဲ့ကြောင်း ၊ ထိုသို့ ထွက်လာသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးအင်အားစုများက မုံရွာ -ကျောက္ကာလမ်းမပေါ် ထနောင်းဝင်းကျေးရွာနှင့် ကျောက္ကာကျေးရွာအရောက် နံနက် ၁၀ နာရီ ၃၀ မိနစ်မှ စ၍ တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ် သားအများအပြား ထိခိုက်သေဆုံးကာ မုံရွာမြို့ဘက်သို့ သံပြားကာကားများဖြင့် သယ်ဆောင်သွား ကြောင်း သိရသည်။

“ထိတွေ့တိုက်ပွဲက ၁ နာရီဝန်းကျင်လောက်ကြာတယ်၊ ထိသေဆုံးတဲ့သူတွေကို သံပြားကာ ကားတွေ နဲ့ ပြန်တင်သွားတာ၊ အရေအတွက်ကတော့ အတည်ပြုလို့မရဘူး။ သံပြားကာကား ၂ စီးက အရင် တက်လာတာ။ နောက်ကနေမှ ခြေလျင်စစ်သား အင်အား ၁၀၀ လောက်ကပ်လိုက်တာ။ ကားတွေကို မတိုက်ပဲ နောက်ကခြေလျင်စစ်ကြောင်းကိုပဲ ဖြတ်တိုက်တာ။ ထိခိုက်သေဆုံးတဲ့စခတွေကို မုံရွာမြို့ ကို ပြန်သယ်သွားတယ်လို့ ယူဆရတယ်။ ရိက္ခာတွေကတော့ ရွှေဂူနီအထိရောက်သွားပါတယ်” ဟု မုံရွာပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ် ပကဖ၊ မုံရွာခရိုင် ပကဖ အထူးတိုက်ခိုက်ရေးအဖွဲ့-Danger Force ၊ မုံရွာမြို့နယ် ပကဖ တိုက်နယ် ၂ ၊ ၃ ၊ ၄ ၊ မုံရွာမြို့နယ် ပလဖ၊ မုံရွာမြို့နယ် ပကဖ အထူး တိုက် ခိုက်ရေး အဖွဲ့- Tribal Force ၊ မုံရွာမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့- မုံရွာ Special ဒိတ်ဒိတ် ကြဲ ၊ တောကျွဲကြီး ပြောက်ကျားအဖွဲ့၊ Black Falcon .LDF နှင့် ဒေသခံရပ်ကျေးပကဖ များ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article