22 C
Yangon

ထိုင်းနိုင်ငံသို့ အလုပ်ဖြင့် ပို့ဆောင်ပေးမည်ဟုဆိုကာ လူ ၁၀၀ ဦးထံမှ ဝန်ဆောင်ခ သိန်းထောင်ချီ ရယူထားသော ပွင့်ဖူးအောင်နှင့် နှင်းဦးဝေ အေဂျင်စီတို့က ထိုင်းသို့ ပို့ဆောင်ပေးခြင်းမရှိသည့်အပြင် ငွေလည်း ပြန်မပေး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၈

ထိုင်းနိုင်ငံသို့ အလုပ်ဖြင့် ပို့ဆောင်ပေးမည်ဟုဆိုကာ လူ ၁၀၀ ဦးထံမှ ဝန်ဆောင်ခ သိန်းထောင်ချီ ရယူထားသော ပွင့်ဖူးအောင်နှင့် နှင်းဦးဝေ အေဂျင်စီတို့က ထိုင်းသို့ ပို့ဆောင်ပေးခြင်းမရှိသည့်အပြင် ငွေလည်း ပြန်မပေးကြောင်း အဆိုပါအေဂျင်စီများနှင့် ပြည်ပထွက်ရန် ကြိုးပမ်းနေသည့် လူငယ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်နိုင်ရန်အတွက် လူ ၁ ဦးလျှင် ဝန်ဆောင်ခ အနည်းဆုံး ငွေကျပ် ၄၅ သိန်းမှ သိန်း ၆၀ အထိ အဆိုပါ အေဂျင်စီ ၂ ခုထံသို့ ပေးချေရကြောင်း၊ စုစုပေါင်း လူငယ် ၁၀၀ က ပွင့်ဖူးအောင်နှင့် နှင်းဦးဝေ အေဂျင်စီတို့ဖြင့် စာချုပ်ချုပ်ဆို၍ ဝန်ဆောင်ခ ငွေအပြည့်ပေးသွင်းခဲ့သော်လည်း ၁ နှစ်ကျော် ကြာသည်အထိ ထိုင်းသို့ ပို့ဆောင်ပေးခြင်းမရှိကြောင်း၊ အေဂျင်စီ ၂ ခုလုံးက အကျိုးအကြောင်း ရှင်းပြခြင်း မရှိသည့်အပြင် ငွေလည်း ပြန်မပေးကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်ရန် ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ယင်းအေဂျင်စီ ၂ ခုနှင့် လူ ၁၀၀ ဦးက စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ၈ လကျော်ကြာမြင့်လာပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ ငွေလည်း ပြန်မပေး၊ အကြောင်းပြချက်လည်း တစ်စုံတစ်ရာ မပေးကြောင်း သိရှိရသည်။

“ပိုက်ဆံလည်း ပြန်မအမ်းချင်၊ အကျိုးအကြောင်းလည်း မထုတ်ပြန်ဘဲ တာဝန်မဲ့နေပါတယ်။ ယောက်ျားလေးတွေမို့ စစ်မှုထမ်းကြောင့်ဆိုလည်း မပြောလိုဘူး ။ အခုက မိန်းကလေးတွေပါ။ အချိန်တွေ အရမ်းကြာနေတဲ့အတွက် အေဂျင်စီဘက်က အကျိုး အကြောင်းလေး အသိပေးစေချင်ရုံပါ။ အခုက သူတို့က ဘာမှ တာဝန်မရှိသလို နှုတ်ပိတ်နေကြတာ” ဟု ယင်းအေဂျင်စီဖြင့် ထိုင်းသွားရောက်ရန် ပြင်ဆင်နေသော လူငယ်တစ်ဦးက ရှင်းပြသည်။

ထိုင်းနိုင်ငံသို့ သွားရောက်ရန်အတွက် ပွင့်ဖူးအောင် အေဂျင်စီရုံးရှိသည့် မြောက်ဒဂုံ ကျန်းမာရေးမှတ်တိုင် ၊ ၅၄ ရပ်ကွက်အတွင်းတွင် စာချုပ်ချုပ်ဆိုခဲ့ကြခြင်းဖြစ်ပြီ စာချုပ်ချုပ်ဆိုချိန်တွင် ပွင့်ဖူးအောင် အေဂျင်စီနှင့် ၅၀ ဦး ဝန်းကျင်၊ နှင်းဦးဝေ အေဂျင်စီနှင့် ၅၀ ဝန်းကျင် စာချုပ်ချုပ်ဆိုခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပွင့်ဖူးအောင်က သူ့မှာ ခေါ်စာမကျလို့ နှင်းဦးဝေမှာ ခေါ်စာကျပြီး လူနည်းနေတယ်ဆိုပြီး ခွဲ စာချုပ်ချုပ်ခိုင်းတာပါ။ ပွင့်ဖူးအောင် ပိုင်ရှင်က ဒေါ်မြတ်ဟေမာန်လင်း။ သူတို့တွေက လက်တွဲ လုပ်နေကျမို့ ယုံကြည်စိတ်ချရပါတယ်ပြောပြီး စာချုပ် ချုပ်ခိုင်းတာပါ။ ခုက ပြည်ပမထွက်ရဘဲ အကြွေးတွေ၊ အတိုးတွေနဲ့ စောင့်နေရတာမို့ တစ်ခုခု သိချင်နေတာပါ။ သူတို့ အေဂျင်စီတွေ လိုင်စင်ကုန်သွားလို့လား မျှော်လင့်ချက်ရှိသေးလား၊ အကျိုးသင့် အကြောင်းသင့် ထုတ်ပြန်စေချင်တာ” ဟု နှင်းဦးဝေ အေဂျင်စီနှင့် စာချုပ်ချုပ်ဆိုထားသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောဆိုသည်။

လတ်တလော ထိုင်းနိုင်ငံသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် သွားရောက်ကြသည့် လူငယ်နေ့စဉ် ရာပေါင်းများစွာရှိပြီး တချို့မှာလည်း ထိုင်းဘက်အရောက် အဖမ်းခံရမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article