ရန်ကုန်၊ အောက်တိုဘာ ၁၈
မလေးရှားတွင် ၂၀၂၃ ခုနှစ် ဇူလိုင်လကတည်းက ပျောက်ဆုံးသွားခဲ့သော ဒေါ်သူဇာမောင်ကို မြန်မာစစ်တပ်က မိသားစုလိုက် ဖမ်းဆီးရရှိပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ယမန်နေ့ သတင်းထုတ် ပြန် သည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင် နေထိုင်သော ဒေါ်သူဇာမောင်သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကတည်းက ပျောက်ဆုံးသွားခဲ့ပြီး စစ်တပ်က ဖမ်းဆီးသွားခဲ့သည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့ကြောင်း၊ ယင်းနောက် ၂ နှစ်ကျော်အကြာ စစ်တပ်က ဒေါ်သူဇာမောင်ကို ပြည်တွင်းသို့ တရားမဝင် ပြန်လည် ဝင်ရောက် လာစဉ် ဖမ်းဆီးရရှိသည်ဟု စစ်တပ်က သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။
စစ်တပ်၏ သတင်းထုတ်ပြန်ချက်တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြိုတွင် ရောက်ရှိနေထိုင်သည့် ဒေါ်သူဇာမောင် (ခ) Rashidah Binti Abdul Azeez သည် မလေးရှားနိုင်ငံ၌ မြန်မာမွတ်စလင်ဒုက္ခသည်များကော်မတီ(Myanmar Muslim Refugee Community-MMRC)ကိုဖွဲစည်းပြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ယင်းအဖွဲအစည်းမှ ရရှိသောငွေကြေးအကျိုးအမြတ်များဖြင့်NUG သို့ ငွေကြေး ထောက်ပံ့ခြင်း၊ NUG အဖွဲ့အတွက် ရန်ပုံငွေရှာဖွေပေးခြင်းများပြုလုပ်ခဲ့သဖြင့် မြစ်သားမြိုနယ်၊ မြစ်သားမြိုမရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် အမှု ဖွင့်ပြီး မြစ်သားမြိုနယ်တရားရုံးသို ယင်းဥပဒေပုဒ်မ ၅၂(က)/ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့် တရားစွဲဆိုခဲ့ရာ မြိုနယ်တရားရုံးက ရာဇဝတ်အထွေထွေမှုအမှတ် ၉/၂၀၂၃ ဖြင့် လက်ခံစစ်ဆေးပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ဆင့်ခဲ့ကြောင်း၊ ယင်းနောက် သူဇာမောင်၊ ၎င်း၏ ခင်ပွန်း စောသန်းတင်ဝင်းနှင့် သားသမီး ၃ ဦးတို့သည် မြန်မာနိုင်ငံအတွင်း တရားမဝင်ပြန်လည်ဝင်ရောက်လာစဉ် ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။
၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း ထုတ်ပြန်ခဲ့သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) ၏ထုတ်ပြန်ချက်တွင်မူ မြန်မာဒုက္ခသည်အရေး တက်ကြွလှုပ်ရှားသူ ဒေါ်သူဇာမောင်နှင့် မိသားစုမှာ ပြန်ပေးဆွဲခံခဲ့ရကြောင်း၊ CCTV မှတ် တမ်းများအရ အမျိုးသားတစ်စုက ဖမ်းဆီးသွားခဲ့ကြောင်း ၊ ၂၀၁၅ ခုနှစ်ကတည်းက မလေးရှားနိုင်ငံသို့ တိမ်းရှောင်ခဲ့သည့် ဒေါ်သူ ဇာမောင်တို့ မိသားစုဝင် ၅ ဦးစလုံးကို မလေးရှားနိုင်ငံရောက် မြန်မာဒုက္ခသည်များ အဖြစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက အသိအမှတ်ပြုထားကြောင်း သတင်းထုတ်ပြန်ခဲ့သည်။





