24 C
Yangon

တနင်္သာရီမြို့နယ်၊ တမုတ်ချုံကျေးရွာအနီး တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံးဟုဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၉

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံကျေးရွာအနီး တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း People’s Defense Force- မြိတ်ခရိုင်တပ်ရင်း ၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် တမုတ်ချုံကျေးရွာအနီး တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲသည် ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦး သေဆုံးကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“တမုတ်ချုံကျေးရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေကို ကျနော်တို့ ပူးပေါင်း တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ အပြန်အလှန် တိုက်ပွဲ ၄၅ မိနစ်လောက် ကြာမြင်ခဲ့ပါတယ်။ တိုက်ပွဲက ၁၁ နာရီလောက်မှာ ပြီးဆုံးခဲ့တယ်။ ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်။ ရန်သူဘက်ကတော့ ၄ ကောင်လောက် သေဆုံးပါတယ်” ဟု People’s Defense Force- မြိတ်ခရိုင်တပ်ရင်း ၂ မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၂ ၊ ကော့သောင်းခရိုင်တပ်ရင်း ၁ ၊ Dragon Squadဒရုန်းတပ်ဖွဲ့နှင့် တနင်္သာရီမြို့နယ် ပကဖ တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article