30 C
Yangon

ပြည်သူလူထုကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်နေသဖြင့် လူစုလူဝေးဖြင့် ပွဲများနှင့် ဖျော်ဖြေပွဲများကို မပြုလုပ်ရန် ဒီပဲယင်းပကဖက သတိပေး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၂

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ပြည်သူလူထုကို ပစ်မှတ်ထား၍ လေ ကြောင်း တိုက်ခိုက် ဗုံးကျဲနေသောကြောင့် ဘာသာရေး အလှူပွဲ၊ မင်္ဂလာဆောင်ပွဲများ ပြုလုပ် ကျင်းပရာတွင် ဆိုင်းဝိုင်း၊ အငြိမ့်၊ ဇာတ်ပွဲ စသည်တို့ဖြင့် ထည့်သွင်းဧည့်ခံဖျော်ဖြေခြင်းများ မပြုလုပ် ကြရန် ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယခုအချိန်ကာလအပိုင်းအခြားအတွင်း၌ အကြမ်းဖက်စစ်တပ်သည် ပြည်သူလူထု အစုအဝေးများရှိ သော နေရာများကို ပစ်မှတ်ထား၍ paramotor စက်တပ်လေထီးများနဖြင့် လည်းကောင်း ၊ ဂျက် ဖိုက်တာများဖြင့်လည်းကောင်း ဗုံးကျဲတိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်နေသောကြေင့် မိဘ ပြည်သူများအနေဖြင့် ဘာသာရေး၊အလှူပွဲ၊မင်္ဂလာဆောင်ပွဲများပြုလုပ်ကျင်းပရာတွင် ဆိုင်းဝိုင်း၊ အ ငြိမ့်၊ ဇာတ်ပွဲစသည်တို့ဖြင့် ထည့်သွင်းဧည့်ခံဖျော်ဖြေခြင်းများ မပြုလုပ်ကြရန် သတိပေးခြင်းဖြစ်သည်။

“စစ်ကော်မရှင်ဘက်ကနေ လူစည်ကားတဲ့ ၊ လူစုလူဝေးရှိတဲ့ နေရာတွေကို လေကြောင်းကနေ ဦးတည်ပြီး တိုက်ခိုက်နေတာ သိသိသာသာ ပိုများလာလို့ ပြည်သူတွေ ထိခိုက် ဆုံးရှုံးမှု နည်းပါး စေ ရေအတွက် ရည်ရွယ်ပြီး ထုတ်ပြန်ရတာဖြစ်ပါတယ်” ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ သတိပေးချက်ကို ဒီပဲယင်းမြို့နယ် ပအဖ၊ပကဖ၊ပလဖ တို့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အားလုံး မျက်နှာစုံညီအစည်းအဝေးပြုလုပ်၍ အောက်တိုဘာလ ၄ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း၊ သတိပေးကြေညာချက်ကို မလိုက်နာဘဲ ဖောက်ဖျက်ကျူးလွန်ပါက ကျူးလွန်သူ၏ တာဝန် ဖြစ်ပြီး ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ပြည်သူများအနေဖြင့် စစ်ရေးအသိ၊ သတိ အမြဲထားရှိကာ လေကြောင်း အန္တရာယ်ကို အထူးဂရု စိုက်နေထိုင်ပေးကြရန် ဒီပဲယင်းပကဖက ဆက်လက်တိုက်တွန်းထားသည်။

ဓာတ်ပုံ – ဩဂုတ်လ ၁၈ ရက်နေ့ ဒီပဲယင်းမြို့နယ်၊မူးကမ်းကြီးကျေးရွာ၊မိုးကောင်းဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့စဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article