ဒီကနေ့ အောက်တိုဘာ ၂၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ခွင့်ရမှာ မဟုတ်ဘူးလို့ အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်ကိုယ်တိုင် တရားဝင် ထုတ်ပြောလိုက်မှုကြောင့် စစ်တပ်လော်ဘီတွေရဲ့လိမ်လည်ဝါဒဖြန့်မှုတွေ အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။
- ကရင်ပြည်နယ် ၊ မြ၀တီမြို့နယ်က အကြမ်းဖက် စစ်တပ် လက်အောက်ခံ BGF တပ်တွေ ထိန်းချုပ် ထားရာ KK Park က ကျားဖြန့်ငွေလိမ်မှုတွေ လုပ်ကိုင်တဲ့ နိုင်ငံခြားသား အယောက် ၆၀၀ ကျော်ဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ထွက်ပြေးရောက်ရှိလာပြီး အရေအတွက် ထပ်မံမြင့်တက် လာနိုင်သလို ၊ ကျားဖြန့်လုပ်တဲ့ တရုတ်နိုင်ငံသား တချို့ဟာ သောင်ရင်းမြစ်အတွင်းကို ခုန်ချပြီး ရေကူးထွက်ပြေးကြတာ တွေလည်း ရှိတယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေနဲ့ ထိုင်းသတင်းဌာနတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
- ရန်ကုန်မြို့က သာကေတမြို့နယ်မှာ အသက် ၂၁ နှစ်အရွယ် မောင်ကျော်သက်ပိုင် ဆိုတဲ့ လူငယ်ကို အမှတ် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေကျပ် ၁၂၅ သိန်းနဲ့ စစ်မှုထမ်း လူစားထိုး ရောင်းစားမှုကို အချိန်မီ ပြန်လည် ကယ်တင်နိုင်ခဲ့ပြီး ၊လူ ရောင်းစားတဲ့ အုပ်ချုပ်ရေးမှူး နဲ့အဖွဲ့ကို အမှုဖွင့်မယ်ဆိုတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




