28 C
Yangon

တရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်း တပ်စွဲပြီး ပြည်သူများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသော စစ်တပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တော် လှန်ရေးတပ်များက ပြန်လည်ပစ်ခတ်မှု ဝမ်ပေါင်ဝင်းအတွင်း ပေါက်ကွဲမှုများဖြစ်ပေါ်ကာ မီးများလောင်ကျွမ်း ၊ အရေးပေါ် အချက်ပေးသံဖြင့် တစ်ညလုံး ရုန်းရင်းဆန်ခတ်ဖြစ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းရှိ တရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်း တပ်စွဲထားသော စစ်တပ်က ပြည်သူများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသဖြင့် တော်လှန်ရေးတပ်များက အဆိုပါ စစ်တပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်နေ့ ညပိုင်း တရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်း တပ်စွဲထားသော စစ်တပ်ကို တော်လှန်ရေးတပ်များက ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် နေရာပေါင်းစုံမှ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါ ကုမ္ပဏီဝင်းအတွင်း ပေါက်ကွဲမှုများဖြစ်ပေါ်ပြီး မီးများလောင်ကျွမ်းခဲ့ ကြောင်း၊ ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်း အရေးပေါ် ဥဩစွဲသံများ တစ်ညလုံး ထွက်ပေါ်ခဲ့ပြီး မီးသတ်ကားများ၊ စစ်ကားနှင့်ရဲကားများဖြင့် ရုန်းရင်းဆန် ခတ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“ဝမ်ပေါင်ထဲမှာ တပ်စွဲထားတဲ့ စစ်တပ်က အနီးအနားက ရွာတွေကို လက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်နေတာ။ မနေ့ညကတော့ PDF တွေက ရှော့တိုက်ဒုံးတွေနဲ့ ဝမ်ပေါင်ဝင်းထဲက စစ်တပ်ကို ပြန်ပစ်တယ်။ နေရာပေါင်းစုံကနေ ပြန်ပစ်တာ။ အဲဒါ ဘာတွေကို ထိသွားလဲတော့မသိဘူး။ မီးတွေ လောင်တာ အကြီးအကျယ်ပဲ။ နောက်ပြီး ဝမ်ပေါင်ကုမ္ပဏီဝင်းထဲမှာ အရေးပေါ် ဥဩစွဲသံတွေ မီးသတ်ကားတွေ စစ်ကားတွေနဲ့ ရဲကားတွေနဲ့ ရုန်းရင်း ဆန်ခတ်ဖြစ်ကုန်တယ်။ ပေါက်ကွဲမှုတွေလည်းဖြစ်တယ်။ ဘာတွေထိသွားတာလဲဆိုတာတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဆားလင်းကြီးမြို့ အခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်ကလည်း ယမန်နေ့ညပိုင်း တရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်း တပ်စွဲထားသော စစ်တပ်ကို ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် တော်လှန်တပ်များက ပစ်ခတ်ခဲ့မှုမှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။

“ဝမ်ပေါင်ထဲမှာ တပ်စွဲပြီးတော့ ပြည်သူတွေကို ဒုက္ခပေးနေတာ စစ်တပ်က ။ အဲဒီတော့ တော်လှန်ရေးတပ်တွေက အဲဒီဝင်းထဲက စစ်တပ်ကို ပြန်ပစ်တာ။ ပေါက်ကွဲမှုတွေ လည်းဖြစ်တာလည်းမှန်ကန်ပါတယ်”ဟု ဆားလင်းကြီးမြို့ အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အောက်တိုဘာလ ၂၂ ရက်နေ့တွင် တရုတ်ဝမ်ပေါင်ကုမ္ပဏီအတွင်းရှိ စစ်တပ်က လက်နက်ကြီးများဖြင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ကြီးများမှာ ဖောင်းကတာကျေးရွာ၊ မိုးကြိုးပြင်ကျေးရွာနှင့် မယ်ဇလီကန်ကျေးရွာဘက်များသို့ ဦးတည်ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များစွာ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အောက်တိုဘာလ ၂၂ ရက်နေ့ ညနေပိုင်းတွင်လည်း ဝက်မှေးရွာသစ် အနောက်မြောက်ဘက် ပလောင်ရွာလမ်းခွဲနားရှိ ဝမ်ပေါင်ကုမ္ပဏီဝင်းအဝင်ဂိတ်မှ စစ်တပ်က သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်၍ ဝက်မှေးရွာသား ၁ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေသည့်အပြင် လေကြောင်းတိုက်ခိုက်မှုများကိုလည်း မကြာခဏ ဆိုသလို လုပ်ဆောင်နေ၍ ပြည်သူများ စစ်ဘေးရှောင်နေရကြောင်း​ ဒေသပြည်သူများထံမှ သိရှိရသည်။

ဓာတ်ပုံ – ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းဂိတ်တစ်ခု။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းဂိတ်တစ်ခု။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article