30 C
Yangon

ရွှေဘိုမြို့နယ်၊ တောင်စခန်းအနီးတွင် စစ်တပ်က PDF တပ်စိပ်မှူး ကိုမျိုးအောင်ကို အရှင်ဖမ်းမိသော်လည်း ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွား

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တောင်စခန်းအနီးတွင် အကြမ်းဖက် စစ်တပ်က PDF တပ်စိပ်မှူး ကိုမျိုးအောင်ကို အရှင်ဖမ်းမိသော်လည်း ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်သွားကြောင်း မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၇ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ရှားတောရွာ တောင်စခန်းအနီး ကင်းပတ်နေသော PDF ရဲဘော်များကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းကြောင့် ရွှေဘိုခရိုင်အမှတ် ၅ တပ်ရင်း တပ်ခွဲ ၂ မှ တပ်စိပ်မှူး ကိုမျိုးအောင်ကို ကျည်ထိမှန်ခဲ့ပြီး စစ်တပ်က အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ အရှင်ဖမ်းဆီးနိုင်ခဲ့သော်လည်း အကြမ်းဖက် စစ်သားများက ဦးခေါင်းကို သေနတ်ဖြင့် ၃ ချက်တေ့ပစ်ပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် ရုပ်အလောင်းကို ၎င်းနေရာ၌ စွန့်ပစ်ခဲ့ပြီး တောင်စခန်းအနီးတွင် တပ်စွဲနေထိုင်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များက ရုပ်အလောင်းကို ပြန်လည် လုယူရန် သွားရောက် ယူဆောင်စဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရုပ်အလောင်းကို ပြန်လည် ယူဆောင်နိုင်ခဲ့ကြောင်း သိရှိရသည်။

“ကိုမျိုးအောင်က ကင်းပတ်ပြီးတော့ ကင်းလိုက်စစ်နေတဲ့ အချိန်မှာ စစ်ခွေးစစ်ကြောင်းက တက်လာလို့ ကင်းကျနေတဲ့ ရဲဘော်တွေကို သတိသွားပေးတဲ့ အချိန်မှာ ပစ်ခတ်ခံရတာ သူ့ဝမ်းဗိုက်ကို ကျည်ထိမှန်သွားပေမယ့် ရဲဘော်တွေကို သူ့ကို ထားခဲ့ပြီး ပြေးခိုင်းတာ သူ့ကို စစ်ခွေးတွေက အရှင်ဖမ်းမိတာပါ။ အဲတာကို ဒီကောင်မသေဘူးဆိုပြီး ဦးခေါင်းကို သေနတ်နဲ့ ၃ ချက်တေ့ပြီး ပစ်သတ်သွားတာ ရုပ်အလောင်းကို ပြန်လည် ကောက်ယူပြီးဖို့သွားတဲ့ အချိန်ထိ စစ်ခွေးတွေက တပ်စွဲထားတုန်းဆိုတော့ ပစ်ခတ်မှုတွေ ကြားထဲကကို အလောင်းကို ရအောင် ကောက်ယူနိုင်ခဲ့တယ်လို့ သိရတယ်” ဟု ကိုမျိုးအောင်၏ မိသားစုဝင်တစ်ဦးက ပြောဆိုသည်။

ရွှေဘိုခရိုင်အမှတ် ၅ တပ်ရင်း တပ်ခွဲ ၂ မှ တပ်စိပ်မှူး ကိုမျိုးအောင်၏ ရုပ်အလောင်းကို ပြန်လည် ကောက်ယူနိုင်ခဲ့ပြီးနောက် အောင်တိုဘာလ ၁၉ ရက်နေ့တွင် တော်လှန်ရေး တပ်ဖွဲ့များက အမိန့်ပြန်ပြီး မြေမြှုပ်သဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article