30 C
Yangon

တရားမဝင် ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ပါဝင်ပတ်သက်မှုဖြင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်ဇော်ဦးကို ရာထူးမှ ဖယ်ရှား ဖမ်းဆီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

ရှမ်းပြည်နယ်တွင် တရားမဝင် ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ပါဝင်ပတ်သက်မှုဖြင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်ဇော်ဦးကို ရာထူးမှ ဖယ်ရှား ဖမ်းဆီးလိုက်ကြောင်း စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

တရားမ၀င်ကုန်သွယ်မှုများကို ဖမ်းဆီးရာမှစတင်၍ ဟိုပုန်းနည်းပညာကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သန့်ထင်စိုးနှင့် တိုင်းမှူး ဗိုလ်ချုပ်နိုင်ဇော်ဦးတို့အကြား ပြဿနာတက်ကြကြောင်း၊ တိုင်းမှူးထံသို့ လာဘ်ပေးလာဘ်ယူထားသည့် ကုန်ကားတချို့နှင့် သစ်ကားတချို့ကို ဟိုပုန်းနည်းပညာကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သန့်ထင်စိုးနှင့် တပ်နယ်မှူးများက ဖမ်းဆီးခဲ့ရာမှ ပြဿနာဖြစ်ပွားခဲ့ကြောင်း၊ ယင်းကိစ္စအတွက် ဗိုလ်မှူးချုပ် သန့်ထင်စိုးက နေပြည်တော်သို့ တိုင်ကြားရာမှ ယခုကဲ့သို့ အရှေ့ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်နိုင်ဇော်ဦးကို ဖယ်ရှား ဖမ်းဆီးသည်အထိ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

” ဖြစ်တာကတော့ ဟိုပုန်းကျောင်းအုပ်ကြီးနဲ့ တပ်နယ်မှူးတို့ရဲ့ စစ်ဆေးရေးအဖွဲ့တွေက တိုင်းမှူးကို ဂါထားတဲ့ ကုန်ကားတွေနဲ့ သစ်ကားတွေ ဖမ်းဆီးရာက စတာ။ ငြိကုန်ကြတာ။ အဲဒီမှာ ဗိုလ်မှူးချုပ် သန့်ထင်စိုးက နေပြည်တော်အထိ တိုင်တယ်။ အဲဒါ နေပြည်တော်ကနေပြီးတော့ အရှေ့ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်နိုင်ဇော်ဦးနဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးရဲသူအောင်ကို ဆင်းဖမ်းတယ်။ စစ်ရုံးကနေ တိုက်ရိုက် ဆင်းဖမ်းတာ” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

CDM ဗိုလ်ကြီး ဇင်ယော်ကလည်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဖမ်းဆီးခံရမှုမှာ အတည်ပြုထားနိုင်ပြီး ဟိုပုန်းစစ်နည်းပညာကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့အကြား ပြဿနာများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“ရပခ အရှေ့ပိုင်းတိုင်း တိုင်းမှူးဗိုလ်ချုပ်နိုင်ဇော်ဦး ၊ သူက တေဇ ၂၅ က ဗိုလ်မှူးချုပ် သန့်ထင်စိုးနဲ့ ငြိတယ်လို့ပဲ အကြမ်းဖျင်းသိရပါတယ်။ ဟိုပုန်း နည်းပညာကျောင်းအုပ်ကြီးနဲ့ ညှိတာ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။

ဗိုလ်မှူးချုပ် နိုင်ဇော်ဦးသည် ယခင်က ဗထူးတပ်မြို့ ကြည်း တိုက်ခိုက်ရေးသင်တန်းကျောင်း၏ ကျောင်းအုပ်ကြီးဖြစ်ပြီး ၂၀၂၀ ခုနှစ် ဩဂုတ်လအတွင်းတွင်မှ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသူဖြစ်သည်။

ဗိုလ်မှူးချုပ် နိုင်ဇော်ဦးသည် အရှေ့ပိုင်းတိုင်း တိုင်းမှူးဖြစ်ပြီး ၃ လနီးပါးအကြာတွင် တရားမဝင်ကုန်သွယ်မှုနှင့် တရားမဝင်စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုဖြင့် ရာထူးမှ ဖယ်ရှား ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article