32 C
Yangon

မြ၀တီမြို့နယ်၊ KK Park မှ မဲဆောက်မြို့သို့ ထွက်ပြေးလာသော နိုင်ငံခြားသားအရေအတွက် ၁၀၀၀ ကျော်လာပြီး သောင်ရင်းမြစ် ဖြတ်ကျော်ရင်း ရေနစ်သေဆုံးသူ ၃ ဦးထက်မနည်း၏ အလောင်းများပေါ်လာ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ KK Park မှ မဲဆောက်မြို့သို့ ထွက်ပြေးလာသော နိုင်ငံခြားသားအရေအတွက် ၁၀၀၀ ကျော်လာပြီး ထိုင်းအာဏာပိုင်များက လက်ခံ ထိန်းသိမ်းထားကြောင်း ထိုင်းသတင်းဌာန Khaosod က သတင်းဖော်ပြသည်။

အောက်တိုဘာ ၂၄ ရက်နေ့တွင် ကျားဖြန့်လိမ်လည်သူများအဖြစ် လုပ်ကိုင်နေသည်ဟု သံသယရှိသော နိုင်ငံခြားသား တစ်ထောင်ကျော်သည် မဲဆောက်ခရိုင်သို့ နယ်စပ်ဖြတ်ကျော်၍ ထွက်ပြေးခဲ့ကြကြောင်း၊ ထွက်ပြေးသူများထဲတွင် အိန္ဒိယနိုင်ငံသား ၃၉၉ ဦး၊ တရုတ်နိုင်ငံသား ၁၄၇ ဦး ရှိပါဝင်ကြောင်း၊ ထွက်ပြေးလာသူများတွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ နီပေါနှင့် ကမ္ဘာတစ်ဝှမ်းရှိ အခြားနိုင်ငံအသီးသီးမှ နိုင်ငံသားများလည်း ပါဝင်ပြီး၊ ထိုင်းနိုင်ငံသား ၃၁ ဦး ပါဝင်ကြောင်း သိရှိရသည်။

ထိုင်းအာဏာပိုင်များက ထွက်ပြေးလာသူများ၏ မှတ်ပုံတင်ခြင်း၊ ကိုယ်ရေးအချက်အလက်များ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ထွက်ပြေးလာသူများကို ထိုင်းနိုင်ငံ၏ တရားဥပဒေအရ အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ကနဦး စစ်ဆေးမှုများအရ ဖမ်းဆီးခံသူများတွင် နိုင်ငံကူးလက်မှတ်မရှိသော အသက် ၂၀ နှစ်မှ အသက် နှစ် ၄၅ နှစ်အကြားရှိ တရုတ်နိုင်ငံသားများပါဝင်ကြောင်း၊ လက်ဗွေရာနှင့် ကိုယ်ရေးအကျဉ်းများ စိစစ်မှုအရ နိုင်ငံခြားသားများမှာ ရာဇဝတ်မှုမှတ်တမ်းများ ရှိကြောင်း သိရှိရသည်။

ထွက်ပြေးလာသူများတွင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်နှင့် ဖိလစ်ပိုင်နိုင်ငံသားများ ပါဝင်ပြီး ၎င်းတို့အားလုံးကို တရားဥပဒေအရ တရားစွဲဆိုရန်အတွက် ထိုင်းအာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းထားမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုင်းအာဏာပိုင်များက နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော ရွှေ့ပြောင်းလာသူအားလုံးအတွက် အစားအစာ၊ သောက်ရေနှင့် ဆေးဝါးများအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်လျက်ရှေကြောင်း၊ ရာဇဝတ်မှုမှတ်တမ်းရှိသူများကို ဖော်ထုတ်ရန်နှင့် လိမ်လည်လှည့်ဖြားသူများအဖြစ် အတင်းအကျပ်လုပ်ကိုင်ရန် အတင်းအကျပ်ခိုင်းစေခံရသော လူကုန်ကူးခံရသူများကို ခွဲခြားရန် သေချာစွာ စစ်ဆေးနေကြောင်း သိရှိရသည်။

ထို့ပြင် ယမန်နေ့ သောင်ရင်းမြစ်ကို ဖြတ်ပြေးလာသော တရုတ်နိုင်ငံသားတချို့ အပါအဝင် နိုင်ငံခြားသားများ မြစ်အတွင်း ရေဖြင့် မျောပါသွားပြီး ရေနစ်သေဆုံးကာ ယနေ့ အလောင်းပေါ်လာကြောင်း၊ လတ်တလော သေဆုံးသူ ၃ ဦးရှိပြီး အလောင်းများလည်း ရရှိထားကြောင်း ထိုင်း-မြန်မာနယ်စပ်သတင်းရင်းမြစ်များက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article