32 C
Yangon

ကန်ပက်လက်၊နတ်မောက်နှင့်နမ္မတူမြို့တို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု တော်လှန်ရေးရဲမေ ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် ကျင်းပနေသော မင်္ဂလာဆောင်ပွဲတစ်ခုကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ CDF ကန်ပက်လက် ရဲမေတစ်ဦး အပါ အဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန် ကန်ပက်လက်မြို့၊ ၁၀ မိုင်းကုန်း၌ ကျင်းပသော မင်္ဂလာဆောင်ပွဲတစ်ခုကို နေပြည် တော်မှ တက် လာသော ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ရဲမေ ၁ ဦးနှင့် ပြည်သူ ၂ ဦး စုစု ပေါင်း ၃ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရဲမေ ၁ ယောက်နဲ့ ပြည်သူ ၂ ယောက်သေတယ်လို့တော့ ကနဦး သတင်းရတယ်။ ဒဏ်ရာရတာတွေ လည်းများတယ်၊ အတိအကျတော့ ပြောလို့မရသေးဘူး” ဟု ဒေသနေပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ယနေ့ အောက်တိုဘာလ ၂၄ ရက် နံနက်ပိုင်းက နတ်မောက်မြို့နယ်၊ အရှေ့ခြမ်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း နတ်မောက်မြို့နယ်အရှေ့ခြမ်း ကျောက်အိုးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က စက်တပ်လေထီး (ပါရာမိုတာ)ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကျဲတိုက် ခိုက်လျက်ရှိသောကြောင့် မိဘပြည်သူများအနေဖြင့် လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်ကျဉ်ကြရန်၊ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ သတိပေးချက်များ လိုက်နာပေးကြပါရန်နှင့် ဗုံးခိုကျင်းများ ခိုင်ခိုင်မာမာတူးထားကြရန် တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းထားသည်။

ထို့အတူ ယမန်နေ့ ည ၈ နာရီ ၄၉ မိနစ်မှ ည ၈ နာရီ ၅၅ မိနစ်အချိန် စစ်တပ်က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ္မတူမြို့ကို လေယာဉ်ဖြင့် ဗုံး ၄ ကြိမ်ကျဲချသွားကြောင်း TNLA က သတင်းထုတ်ပြန်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article