30 C
Yangon

ကချင်လွတ်မြောက်နင်္ယမြေတွင် ဆရာဝန်၊သူနာပြု ပညာရပ် အပါအဝင် ပညာရပ်စုံတက္ကသိုလ်များက ပညာသင်ယူမည့် တော်လှန်ရေး ကျောင်းသားကျောင်းသူများ ဖိတ်ခေါ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

ကချင်လွတ်မြောက်နယ်တွင် ဆရာဝန်၊ သူနာပြုပညာရပ်အပါအဝင် ပညာရပ်စုံတက္ကသိုလ်အသီးသီးက ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်များကို နိုဝင်ဘာလ ၃ ရက်နေ့မှ စတင်၍ လျှောက်ထားနိုင်သည်ဟု စတင်ဖိတ်ခေါ်နေကြောင်း Kachin State Comprehensive University ကျောင်း၏ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

Kachin State Comprehensive University သို့ ၂၀၂၀ ခုနှစ်နှင့် အဆိုပါ နှစ်မတိုင်မီနှစ်များတွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊ နိုင်ငံတကာအသိအမှတ်ပြုအောင်လက်မှတ်များဖြစ်သည့် GED နှင့် IGCSE ရရှိထားသူများ၊ ကချင်ပညာရေးဌာန (Kachin Education Department , KED) မှ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ ၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (Basic Education Completion Assessment BECA) ကို ဘာသာရပ်အားလုံးတွင် အနိမ့်ဆုံး C Grade ရရှိထားသည့် အခြေခံပညာပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်ရရှိပြီးသူများ နှင့် ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်ရှိ တက္ကသိုလ်အသီးသီး၏ ဝင်ခွင့်သတ်မှတ်ချက်များနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

“နေရာဒေသအသီးသီးက တော်လှန်ကျောင်းသားများအားလုံးကို ကျွန်တော်တို့ကျောင်းတော်ကြီးကနေ နွေးထွေးစွာကြိုဆိုနေပါတယ်ခင်ဗျာ” ဟု Kachin State Comprehensive University ကျောင်း၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လတ်တလောအခြေအနေတွင် ကျောင်းဝင်ခွင့်ရရှိသူ ကျောင်းသူ ကျောင်းသားများအနေနှင့် နေထိုင်ရေးကို ကိုယ့်အစီအစဉ်နှင့် ကိုယ်‌ နေထိုင်ကြရမည်ဖြစ်ကြောင်း အခက်အခဲရှိသည့် ကျောင်းသူ ကျောင်းသား အနည်းငယ်ကိုသာ ကျောင်းဘက်က ကူညီပေးမည်ဖြစ်ကြောင်း သိရှိရသည်။

“ဒီမှာလာတက်ကြတဲ့ကျောင်းသား ကျောင်းသူအများစုကတော့ နေရေးထိုင်ရေးကိုယ့်အစီစဥ်နဲ့ကိုယ် နေထိုင်ကြရပါတယ်။ လောလောဆယ်မှာ accommodation အတွက် ကျောင်းသား၊ ကျောင်းသူအားလုံးကို သီးသန့်စီစဥ်ဆောင်ရွက်ပေးနိုင်တာတော့ မရှိသေးပါဘူးခင်ဗျာ” ဟု Kachin State Comprehensive University ကျောင်း၏ တာဝန်ရှိသူ ပြောကြားသည်။

ကချင်ပြည်နယ် ပညာရပ်စုံ တက္ကသိုလ်တွင် School of Medical Sciences ၊ School of Nursing Sciences ၊ School of Technology ၊ School of Economics ၊ School of Agriculture ၊ School of Arts And Sciences ဘာသာရပ်များအတွက် လျှောက်ထားနိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာ ကျောင်းများ၏ သတ်မှတ်ချက်နှင့် ကိုက်ညီသူများ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

တော်လှန်ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းဝင်ခွင့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက https://www.facebook.com/story.phpstory_fbid…# တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်ဟု သိရှိရသည်။

ဓာတ်ပုံ – ယခုနှစ် ဖေဖော်ဝါရီလ KIO ဌာနချုပ် လိုင်ဇာတွင် ကျင်းပသည့် ဘွဲ့နှင်းသဘင်အခမ်းအနား။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယခုနှစ် ဖေဖော်ဝါရီလ KIO ဌာနချုပ် လိုင်ဇာတွင် ကျင်းပသည့် ဘွဲ့နှင်းသဘင်အခမ်းအနား။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article