ဒီကနေ့ အောက်တိုဘာ ၂၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရန်ကုန်မြို့မှာ အသက် ၁၇ နှစ်အရွယ်ကျောင်းသား မောင်ဝေဖြိုးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးပြီး အသက် ၁၉ နှစ် မှတ်ပုံတင်အတု ထုတ်ပေးကာ စစ်မှုထမ်းသင်တန်းကျောင်းကို ပို့ဆောင်ခဲ့ပေမယ့် မိသားစုက အသက်မပြည့်သေးတဲ့ ကျောင်းသားအထောက်အထားအပြည့်အစုံ ပြသကာ ပြန်လည် ခေါ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
- တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက် လိုက်ပြီး စစ်သားတွေ ထိခိုက်သေဆုံးမှုရှိသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ တိုက်ပွဲအတွင်းပါဝင်ခဲ့တဲ့ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်တပ် အထိုင်ချတပ်စွဲထားတဲ့ သံမဏိစက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁၅ ဦး သေဆုံးခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




