33 C
Yangon

မြဝတီ KK Park ကို စစ်တပ် လက်အောက်ခံ BGF တပ်ဖွဲ့က ၄ ရက်ဆက်တိုက် ဗုံးဖောက်ခွဲလိုက်ပြီး ထိုင်းဘက်သို့ပါ ဗုံးအစများ လွင့်စင်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၇

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ KK Park ကို စစ်တပ် လက်အောက်ခံ BGF တပ်ဖွဲ့က ၄ ရက်ဆက်တိုက် ဗုံးဖောက်ခွဲလိုက်ပြီး ထိုင်းဘက်သို့ပါ ဗုံးအစများ လွင့်စင်လာကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။

အောက်တိုဘာ ၂၄ ရက်နေ့မှစတင်ပြီး အောက်တိုဘာ ၂၇ ရက်နေ့အထိ KK Park ကို စစ်တပ် လက်အောက်ခံ BGF တပ်ဖွဲ့ နေ့စဉ် ဆက်တိုက် ဖောက်ခွဲလျက်ရှိရာ ယနေ့ အောက်တိုဘာ ၂၇ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန်တွင် BGF က နေ့ခင်းအချိန်တွင်ပင် ဖောက်ခွဲလာကြောင်း၊ အဆိုပါ ဖောက်ခွဲမှုမှ ဗုံးအစအနများနှင့် အစိတ်အပိုင်းများမှာ ထိုင်းနိုင်ငံဘက်အခြမ်းရှိ နေအိမ်များပေါ်သို့ ကျရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၃ ရက်နေ့မှစတင်ပြီး KK Park မှ ကျားဖြန့် လုပ်ကိုင်နေသော နိုင်ငံခြားသားများ အပါအဝင် ကျားဖြန့်လုပ် ကိုင်သူများကို BGF က နှင်ထုတ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံဘက်အခြမ်းသို့ ကျားဖြန့် လုပ်သား နိုင်ငံခြားသား ၁၀၀၀ ကျော် ထွက်ပြေးဝင်ရောက်လာကြောင်း၊ ထိုင်းအစိုးရက ကျားဖြန့် KK Park မှ ထွက်ပြေးလာသော နိုင်ငံခြားသားများကို ထိန်းသိမ်းစိစစ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က KK Park သည် KNU နှင့်ပတ်သက်သည်ဟုဆိုကာ ဝင်ရောက်စီးနင်းမှုများ လုပ်ဆောင်ခဲ့ပြီး KNU ကမူ KK Park သည် KNU နှင့် လုံး၀ မပတ်သက်ကြောင်း ငြင်းဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article