33 C
Yangon

ရေး -မော်လမြိုင် ကားလမ်း၊ နှင်းစုံရွာအဝင်ရှိ စစ်တပ်လက်အောက်ခံ DKBA ဂိတ်ကို ရေးဘီးလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်မှု DKBA ဘက်မှ ထိခိုက်သေဆုံးမှုများရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၇

မွန်ပြည်နယ် ရေး -မော်လမြိုင် ကားလမ်း နှင်းစုံရွာအဝင်ရှိ စစ်တပ်လက်အောက်ခံ DKBA ဂိတ်ကို ရေးဘီးလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ DKBA ဘက်က ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း ရေးဘီလူးတပ်ဖွဲ့ ခေါင်းဆောင် တပ်ရင်းမှူးရေးဘီလူးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အောက်တိုဘာလ ၂၇ ရက်နေ့တွင် ရေးဘီလူးအဖွဲ့က DKBA ဂိတ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဂိတ်၏ ဂိတ်မှူး သိန်းတန် လက်ပြတ်ထွက်သွားကြောင်း သိရှိရသည်။

“ဟုတ် သေဆုံးမှုများတယ်။ ဂိတ်မှာ နေတဲ့သူတို့ရယ် အမျိုးသမီးတွေပါ သေတယ်။ ဂိတ်မှူးသိန်းတန်က လက်ပြတ်ထွက်သွားတယ်။ ကျန်တဲ့ငွေကောက် ခံသူတွေလည်း အများကြီးသေတယ်” ဟု ရေးဘီလူးတပ်ဖွဲ့၏ တပ်ရင်းမှူးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

တိုက်ခိုက်မှုအတွင်း ရေးဘီလူးတပ်ဖွဲ့ဝင်တစ်ဦး လက်မောင်းထိခဲ့ပြီး မစိုးရိမ်ရကြောင်း ၊ အဆိုပါတိုက်ခိုက်မှုအပြီး မော့ကနင် ၁၀၆ တပ်မှ လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article