24 C
Yangon

မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုချမ်းမင်းဟိန်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်၍ သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၇

မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်တွင် မတရား ဖမ်းဆီးအကျဥ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုချမ်းမင်းဟိန်းသည် အကျဉ်းထောင်အတွင်း ကျန်းမာရေးနှ့် ဆေးဝါးစောင့်ရှောက်မှု မလုံလောက်သော‌‌ကြောင့် သေဆုံးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရှိရသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ နိုင်ငံရေးအကျဉ်းသား ကိုချမ်းမင်းဟိန်းသည် ကျောက်ကပ်၊အသည်းခြောက်၊အသည်းရောင်အသားဝါ‌ ရောဂါများဖြင့် အသက် ၂၉နှစ်အရွယ်တွင် သေဆုံးသွားကြောင်း၊ ၅၀၅ က ၊ ကိုချမ်းမင်းဟိန်းသည် ဆက်သွယ်ရေးပုဒ်မ၊ ဖောက်ခွဲ၊ လက်နက်မှု စသည့် ပုဒ်မများဖြင့် မတရားဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၅နှစ် ၆လ ချမှတ်ခံထားရသူဖြစ်ပြီး မြင်းခြံအကျဉ်းထောင်တွင် အကျဉ်းချခံထားရသူဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံဒေသအသီးသီးရှိ အကျဉ်းထောင်များအတွင်း၌ မတရားဖမ်းဆီးခံထားရသည့် နိုင်ငံ ရေးအကျဉ်းသားများမှာထောင်အတွင်း လုံလောက်စွာ ဆေးဝါး စောင့်ရှောက်မှုမရရှိခြင်း၊ အချိန်မီ ဆေးကုသခွင့် မရရှိခြင်းများကြောင့် မသေဆုံးသင့်ဘဲ အသက်ဆုံးရှုံးရသည့် အခြေအနေများကို ရင်ဆိုင်နေရကြောင်း သိရှိရသည်။

PPNM၏ စာရင်းများအရ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလမှ ယခုနှစ် ၂၀၂၅ခုနှစ် ၊ အောက်တိုဘာလအထိ အကျဉ်းထောင်အသီးသီးတွင် ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရှိမှုနှင့် အရေးပေါ်ဆေးကုသခွင့် မရရှိမှုများကြောင့် ကျဆုံးခဲ့ရသည့် နိုင်ငံအကျဥ်းသား ၂၈ဦးအထိ ရှိနေပြီဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article