30 C
Yangon

မြန်မာစစ်တပ်လက်အောက်ခံ ကိုးကန့်ခေါင်းဆောင်ဟောင်း ပယ်စောက်ချိန် အပါအဝင် ၇ ဦးကို သေဒဏ်နှင့်ဆိုင်းငံ့သေဒဏ်များ တရုတ်တရားရုံးက ချမှတ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၄

မြန်မာစစ်တပ်လက်အောက်ခံ ကိုးကန့်ခေါင်းဆောင်ဟောင်း ပယ်စောက်ချိန် အပါအဝင် ၇ ဦးကို သေဒဏ်နှင့်ဆိုင်းငံ့သေဒဏ်များ တရုတ်တရားရုံးက ယနေ့ ချမှတ်လိုက်ကြောင်း တရုတ်နိုင်ငံမှ လာသော သတင်းများအရ သိရှိရသည်။

ယနေ့​ နိုဝင်ဘာလ ၄ ရက်နေ့ ကွမ်တုံပြည်နယ်၊ ရှန်ကျန်းမြို့ တရားရုံးက ပယ် မိသားစုများက ကျူးလွန်ထားသော ရာဇဝတ်ဂိုဏ်း၏ အမှုများအတွက်ယင်းကဲ့သို့ သေဒဏ် ပြစ်ဒဏ်များ မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာစစ်တပ်က ကျောထောက်နောက်ခံပေးခဲ့သော ကိုးကန့်ခေါင်းဆောင်ဟောင်း ပယ်စောက်ချိန် Bai Suo cheng၊ ပယ်ရင်ဆန်း Bai Yingcang၊ ရန်လိချန် Yang Liqiang၊ ဟူရှောက်ကျန်း Hu Xiaojiang နှင့် ချိန်ကွမ်ယိ Chen Guangyi စုစုပေါင်း တရားခံ ၅ ဦးကို သေဒဏ်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

အခြားတရားခံနှစ်ဦးဖြစ်သည့် လီဖူစို့ Li Fushou နှင့် လီဇစ်တယ် Li Zhide တို့ကို ၂ နှစ်ဆိုင်းငံ့ သေဒဏ်ချမှတ်ခဲ့သည်။

ကောကျန့်ကျိန့် Guo Jianzheng နှင့် Pan ဖန်းရှန့် Xian အပါအဝင် တရားခံ ၅ ဦးကို ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ပြီး

လီ လုံ ဟွာ Li Longhua နှင့် Luo လောဝန်တင် Wending အပါအဝင် တရားခံ ၉ ဦးကို ထောင်ဒဏ် ၂၀ နှစ်မှ ၃ နှစ်အထိ ချမှတ်ခဲ့ပြီး ငွေဒဏ်၊ ပစ္စည်းသိမ်းယူခြင်းနှင့် ပြည်နှင်ဒဏ်ပေးခြင်းကဲ့သို့သော နောက်ဆက်တွဲပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တရားခံများမှာ ဆက်သွယ်ရေးနှင့် ကွန်ရက်လိမ်လည်မှုများ၊ ကာစီနိုများဖွင့်လှစ်ခြင်း၊ ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်ခြင်း၊ ရည်ရွယ်ချက်ရှိရှိဒဏ်ရာရစေခြင်း၊ ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်း၊ စီစဉ်ခြင်း၊ အဓမ္မပြည့်တန်ဆာလုပ်ငန်းနှင့် အခြားသူများကို တရားမဝင်နယ်စပ်ဖြတ်ကျော်ရန် စည်းရုံးခြင်းကဲ့သို့သော ရာဇ၀တ်မှုလုပ်ဆောင်ချက်များ၊ လောင်းကစား၊ လိမ်လည်မှုနှင့် ယွမ် ၂၉ ဘီလီယံကျော် လိမ်လည်သွားမှု ၊ တရုတ်နိုင်ငံသား ၆ ဦးသေဆုံး၊ တရုတ်နိုင်ငံသား ၁ ဦး မိမိကိုယ်ကိုသတ်သေခဲ့ပြီး တရုတ်နိုင်ငံသားများစွာ ဒဏ်ရာရရှိမှုများ၊ မူးယစ်ဆေးဝါး မက်သာဖက်တမင်း ၁၁ တန်ခန့်ကို ရောင်းချရန်နှင့် ထုတ်လုပ်ရန်လည်း ပူးပေါင်းကြံစည်ခဲ့မှုများဖြင့် ပြစ်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာစစ်တပ်ကုတရုတ်နိုင်ငံကဖမ်းဝရမ်း ထုတ်ထားသည့် ပယ်စောက်ချိန်အပါအဝင် ၁၀ ဦးကို ၂၀၂၄ ဇန်နဝါရီ ၃၀ ရက်နေ့တွင် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ပြီး ၂၀၂၅ ဇူလိုင် ၁၁ ရက်၌ တရားစွဲမှုများ စတင်ခဲ့ခြင်း ဖြစ်ကာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် အပြီးသတ် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article