မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်နှင့် ထီးလင်းမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း ဖြင့် ၄ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ယောအလင်းတန်းမှ ကိုမင်းဒဿက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ နိုဝင်ဘာလ ၆ ရက် နံနက် ၉ နာရီ ၄၅ မိနစ်က ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ဟံသာဝတီပျူရွာ နှင့် ကြံသာရွာကြားတနေရာကို အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ယမန်နေ့ နိုဝင်ဘာလ ၅ ရက် ၁၀ နာရီ ၂၇ မိနစ်ကလည်း ထီးလင်းမြို့နယ်အရှေ့ခြမ်း ပုံညာ တောင်အတွင်းတနေရာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ဟံသာဝတီရွာနဲ့ ကြံသာရွာကြားကို ကျဲချသွားတာ။ ဟံသာဝတီက ဂန့်ဂေါမြို့နယ်၊ ကြံသာရွာက ကလေးမြို့နယ်ထဲပါတာ၊ ဖုန်းလိုင်းတွေပြတ်နေလို့ နောက်ဆက်တွဲ ထိခိုက်မှုပျက်စီးမှုကတော့ မသိ ရသေးဘူး။ ထီးလင်းမှာကျဲသွားတာကတော့ ပုံညာတောင်ထဲချသွားတာဆိုတော့ ထိခိုက်မှုကတော့ မရှိပါဘူး။ တောထဲမှာပဲကျတာပါ” ဟု ယောအလင်းတန်းမှ ကိုမင်းဒဿက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လတ်တလော ထိခိုက်ပျက်စီးဆုံးရှုံးမှုကို မသိရှိရသေးဘဲ ဒေသပြည်သူများမှာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




