30 C
Yangon

ကျုံဒိုးမြို့တွင် ထွက်ပြေးလာသော ကျားဖြန့်ဝန်ထမ်းများကို လက်မခံရန်နှင့် ညမထွက်ရ ညွှန်ကြားချက်တို့ကို လိုက်နာရန် KNU က အမိန့်ထုတ်ပြန်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင်ထွက်ပြေးလာသော ကျားဖြန့်ဝန်ထမ်းများကို လက်မခံရန်နှင့် ညမထွက်ရ ညွှန်ကြားချက်တို့ကို လိုက်နာရန် ကရင်အမျိုသားအစည်းအရုံး-KNU က အမိန့်ထုတ်ပြန်လိုက်သည်။

အကြမ်းဖက် စစ်အာဏာသိမ်း စစ်တပ်ကိုယ်တိုင် ပါဝင်ဆောင်ရွက်နေသည့် ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် လောင်းကစားလုပ်ငန်း များကို ဟန်ပြနှိမ်နင်းမှုများ စစ်တပ်က လုပ်ဆောင်နေကြောင်း၊ ထို့ကြောင့် ယင်းသို့ ကျားဖြန့် လုပ်ငန်းများ ထွက်ပြေးလာ​သော ဝန်ထမ်းများကို လက်မခံရန်၊ ကျုံဒိုးမြို့အတွင်း ညမထွက်ရအမိန့် အပါအဝင် ဒေသန္တရ အမိန့်များကို ထုတ်ပြန်တားမြစ်လိုက်ကြောင်း သိရှိရသည်။

KNUထိန်းချုပ်နယ်မြေ ကျုံဒိုးမြို့နယ်တွင် ပြည်သူများအနေဖြင့် ည ၈ နာရီမှ နံနက် ၆နာရီအတွင်း ခရီးသွားလာမှု မပြုလုပ်ကြရန် ညမထွက်ရအမိန့်အပြင် ထွက်ပြေးပြောင်းရွှေ့ပြောင်းလာသည့် ကျားဖြန့်ဝန်ထမ်းများကို လက်ခံမထားရန် ၊ ကျုံဒိုးမြို့နယ်အတွင်းရှိ လမ်းကြောင်းများကို အသုံးပြုပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ စွန့်ခွာလာသော နိုင်ငံခြားသားဝန်ထမ်းများကို ရွှေ့ပြောင်းခြင်းနှင့် လက်ခံခေါ်ယူထားခြင်းမလုပ်ကြရန် KNU၏ ဒေသန္တရအမိန့်တွင် ဖော်ပြထားသည်။

ထို့ပြင် ကျုံဒိုးမြို့နယ်အတွင်း လက်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းနှင့် နယ်မြေမတည်ငြိမ်မှုအခြေအနေများကို အခွင့် ကောင်းယူပြီး လောင်းကစားလုပ်ငန်းများ မလုပ်ကြရန်လည်း KNU က တားမြစ်သည်။

ပြည်သူများအနေဖြင့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှိလာနိုင်သဖြင့် ဗုံးခိုကျင်းများ တူးထားကြရန် သတိပေးနှိုးဆောထားပြီး KNU က အရေးပေါ်ပြဌာန်းထားသည့် ဒေသန္တရအမိန့်များကို မလိုက်နာလျှင် ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article