ဒီကနေ့ နိုဝင်ဘာ ၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကြီးကို ထောက်ခံရေး ဝါဒဖြန့်လှုပ်ရှားမှုတွေမှာ သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း အပါအဝင် နာမည်ကျော်အနုပညာရှင်တွေကို စစ်တပ်က စတင်ဖိအားပေးနေပြီး ၊မင်းသမီး ဖွေးဖွေးကိုလည်း စစ်တပ်က ခေါ်ယူမေးမြန်းမှုတွေ ရှိနေတယ်လို့ အနုပညာအသိုင်းအဝိုင်းက ပြောပါတယ်။
- တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ထဲကို အကြမ်းဖက် စစ်တပ်ဘက်က ဝင်ရောက်လာမှာကို လက်မခံတဲ့အကြောင်း မိုးကုတ်မြို့နေပြည်သူတွေက မနေ့ကညပိုင်းမှာပဲ သံပုံးတီး ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
- မကွေးတိုင်း၊ ကံမမြို့က အကြမ်းဖက် စစ်တပ်ရဲ့ ရေနံ့သာရဲစခန်းဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေတဲ့အတွက် သရက်-ကံမ လမ်းပိုင်းကို ပြည်သူတွေ လက်တလော အသုံးမပြုဖို့ သတိပေးတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




