ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ထီဖိုးစံရွာသို့ စစ်ကြောင်းထိုးလာသော အကြမးဖက် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၅ ဦးခန့်သေဆုံးပြီး သေနတ် ၈ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၆ ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ ထီဖိုးစံကျေးရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ထီဖိုးစံကျေးရွာနှင့် ကွီမောင်တိုင်ကျေးရွာ အကြားရှိ ကြက်မောက်ခြံတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၅ ဦး ခန့်သေဆုံးခဲ့ပြီး လက်နက် ၈ လက် သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲသည် ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းထိ ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။
“ထီဖိုးစံကျေးရွာနဲ့ ကွီမောင်တိုင်ကျေးရွာ အကြားက ကြက်မောက်ခြံမှာ မနေ့ကလည်း ဖြစ်တယ်။ ဒီနေ့လည်း မနက်လုံးပစ်တယ်။ သေနတ် ၈ လက်ရတယ်လို့ သိရတယ်။ စစ်ခွေးတွေက သေနတ်တွေကျန်ခဲ့တာပေါ့။ ရန်သူ သေတာတော့ တော်တော်များတယ်။ သေတာ ၁၅ ကောင်လောက်ရှိမယ်။ ဒဏ်ရာရတာတွေလည်းများတယ်” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်ကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ကလိုထူး ဗျူဟာ စစ်ကြောင်း၊ တပ်မဟာ ၃ ၊တပ်မဟာ ၅ နှင့် တပ်မဟာ ၇ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိတွေ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
အောက်တိုဘာလ ပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ကော့ကရိတ်မြို့နယ်အတွင်းကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေသော်လည်း စစ်မှုထမ်းတပ်သားသစ်များကို ရှေ့ဆုံးမှထား၍ တိုက်ခိုက်နေသောကြောင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး အကြိမ်ကြိမ် ပြန်လည် ဆုတ်ပြန်နေကြောင်း စစ်ရေး သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




