27 C
Yangon

ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီးသော တရားမဝင် မြန်မာအလုပ်သမား ၄၇ ဦးကို စစ်အုပ်စုထံသို့ လွှဲပြောင်း၊ လူငယ်များ အိမ်ပြန်မရောက်ဘဲ စစ်မှုထမ်းအဖြစ် စစ်တပ်က ပုံမှန်ခေါ်ယူနေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

ထိုင်းနိုင်ငံ အတွင်း အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံကာ လွတ်ရက်စေ့ တဲ့ မြန်မာလုပ်သား ၄၇ ဦးကို နိုဝင်ဘာ ၅ရက် က ထိုင်းအာဏာပိုင်တွေကစစ်အုပ်စုတပ် ထံ လွှဲပြောင်းပေးခဲ့တယ်လို့ ထိုင်းနိုင်ငံ၊ ရနောင်းလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။

မြန်မာနိုင်ငံသား အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၄၇ ဦးကို ထပ်မံလွှဲပြောင်းပေးခဲ့တာဖြစ်သလို အခုလိုနေရပ်ပြန်ပို့မှုက ၂၀၂၅ ခုနှစ်အတွင်း ၁၃ ကြိမ်မြောက် ဖြစ်ပြီး အခုနှစ်အတွင်း နေရပ်ပြန်ပို့ခံရသူ ၁၈၀၇ ဦး ရှိလာပါပြီ။

မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရတဲ့ ပြစ်ဒဏ်ကျခံပြီးသား မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို စစ်တပ်က အဓမ္မစစ်မှုထမ်း စုဆောင်းမှုများ ပြုလုပ်လျက်ရှိကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူတစ်ဦးက ပြောဆိုပါတယ်။

“ရနောင်းဘကက် ပြန်ပို့ခံရတဲ့ အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း လူငယ်တွေ ဘယ်သူမှ အိမ်ပြန်မရောက်ကြပါဘူး။ တစ်ခါတည်း စစ်မှုထမ်းအခေါ်ခံရပါတယ်။ အဲဒါကတော့ ကျနော်တို့ ဆီရောက်တဲ့ စာရင်းတွေရော မိသားစုဘက်က အကြောင်း ကြားတာရောအရ သိရတာပါ။ ထိုင်းက လူစုဖမ်းပြီး စစ်တပ်အတွက် စစ်မှုထမ်း ပြန်ပို့ပေးသလိုတောင်ဖြစ်နေတယ်” ဟု ရနောင်းအခြေစိုက် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူက ရှင်းပြသည်။

အခုလို ပြန်ပို့ခံရတဲ့ မြန်မာလုပ်သားတွေထဲက စစ်မှုထမ်းအကျုံးဝင်တဲ့အသက်အရွယ် ရှိ လူငယ်တွေကို စစ်သင်တန်းကျောင်းကိုပို့ဆောင်ခံရသူတွေရှိသလို စစ်မှုမထမ်းစေလိုတဲ့ မိသားစုဝင်တွေက ငွေကြေးများစွာပေးပြီး ရွေးထုတ်ရတာတွေ လည်း ရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့ကလည်း ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၉၀ ဦးအား ရနောင်း အကောက် ခွန် ဆိပ်ခံတံတားမှတဆင့် မြန်မာ နိုင်ငံ၊ ကော့သောင်းဘက်သို့ ပြန်လည်လွှဲပြောင်းခဲ့ပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article