27 C
Yangon

စဉ့်ကူးမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ရွှေပြည်ရွာ စာသင်ကျောင်းနှင့် ညောင်ကုန်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အလွန်များပြား၍ သေဆုံးသူ ထပ်တိုးနိုင်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ရွှေပြည်ရွာ စာသင်ကျောင်းနှင့် ညောင်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အလွန်များပြား၍ သေဆုံးသူ ထပ်တိုးနိုင်ကြောင်း စဥ့်ကူး မြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်မှ စတင်ပြီး ၁ နာရီ ၃၂ မိနစ်ထိ အကြမ်းဖက် စစ်တပ်က စဥ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာ စာသင်ကျောင်းနှင့် ညောင်ကုန်းကျေးရွာကို တံတာဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက်ခိုက်မှု ၅ ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူ ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အလွန်များပြား၍ သေဆုံးသူ အရေအတွက် ထပ်တိုးနိုင်ကြောင်း သိရှိရသည်။

“အခုလေကြောင်းတိုက်ခိုက်သွားတဲ့ နေရာတွေက မတ္တရာဘက်က စစ်ဘေးရှောင်တွေ နေထိုင်တဲ့ နေရာပါ။ သက်ကြီးရွယ်အိုတွေ ကလေးငယ်တွေပဲနေထိုင်တာ ထိခိုက်တာအရမ်းများတယ်။ သေဆုံးပဲ အတည်ပြုနိုင်သေးတယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာ စိုးရိမ်ရတဲ့သူတွေ ပါဝင်ပါတယ်” ဟု စဥ့်ကူး မြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ပြောဆိုသည်။

(ဓာတ်ပုံများမှာ Facebook ၏ Community Standard ကို လိုက်နာရပါသဖြင့် ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ဆင်ဆာ ဖြတ်တောက်ခြင်းမရှိဘဲ သွားရောက် ကြည့်ရှု့ နိုင်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article