30 C
Yangon

ယင်းမာပင်နှင့်မြိုင်မြို့နယ်တို့တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်သဖြင့် နေအိမ်များ ပျက်စီးသွားကြောင်း ယင်းမာပင်မြို့နယ်မှ တော်လှန်ရေးတပ်ခေါင်းဆောင် ဗိုလ်သံမဏိက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၆ ရက်နေ့ ညပိုင်း ယင်းမာပင်မြို့နယ် သစ်ရာပင်ရွာရှိ လူနေအိမ်များပေါ် သို့ စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးများ လာရောက်ကျဲချသွားကြောင်း၊ လူအထိအခိုက်မရှိသော်လည်း နေအိမ်အများအပြား ပျက်စီးသွားကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ စစ်တပ်က ယင်းမာပင်နယ်ထဲမှာ စစ်ကြောင်းထိုးတာလည်းမရှိပါဘူး။ တိုက်လေယာဉ်နဲ့ ပြည်သူတွေနေထိုင်တဲ့ ရွာထဲကို ဗုံးကျဲချတာပါ” ဟု ဗိုလ်သံမဏိက ပြောဆိုသည်။

အလားတူ ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၆ မိနစ်အချိန် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တောင်ဘက်ရှိ ကျေးရွာတစ်ခုသို့ စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ လက်ရှိအချိန်အထိ အထိအခိုက် ရှိသည်ဟု မကြားရသေးကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

“ပခုက္ကူ တပ်မ ၁၀၁ ကနေ တက်လာတဲ့ စက်တပ်လေထီးနဲ့ မြိုင် တောင်ဘက်အခြမ်းကို လေကြောင်းတိုက်ခိုက်မှု လုပ်သွားတာပါ။ အခုထက်ထိတော့ အထိအခိုက်မသိရသေးလို့ လူထိခိုက်မှု မရှိလောက်ဘူးလို့ ထင်ပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က နိုဝင်ဘာလ ၁ ရက်နေ့မှစတင်ပြီး စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသများသို့ လေကြောင်းတိုက်ခိုက်မှုများကို ယခင်ထက်ပို၍ အရှိန်မြှင့်လာပြီး မြေပြင်စစ်ကြောင်းထိုးမှုများကိုလည်း အလုံးအရင်းဖြင့် ဆောင်ရွက်လာကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များ၏ အဆိုအရ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article