30 C
Yangon

ဆားလင်းကြီး၊ ဝက်မှေးရွာတွင် တပ်စွဲထားသည့် စစ်တပ်စစ်ကြောင်းမှ ရဲ ၁ ဦး အလင်းဝင်၊ မြ၀တီသို့ စစ်ကြောင်းထိုးနေသော တပ်မ ၂၂ စစ်ကြောင်းမှ စစ်သား ၂ ဦးလည်း လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်း ဝက်မှေးကျေးရွာထဲတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲတစ်ဦး PDF အဖွဲ့အတွင်း ဆက်သွယ်အလင်းဝင်ရောက်လာကြောင်း ဒေသတွင်း PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

နိုဝင်ဘာလ ၉ ရက်နေ့ ညနေပိုင်းတွင် PDF တပ်ဖွဲ့သို့ ဆက်သွယ်၍ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ အလင်းဝင်လာချိန်တွင် ကျည်တစ်ထုပ်နှင့် ကျည်ဘောက် ၃ ခုပါလာကြောင်း သိရှိရသည်။

“အရင်ရက်တုန်းက အခုအလင်းဝင်လာတဲ့ ရဲမိန်းမကို PDF တွေက ဖမ်းမိတာ။ အဲဒီကနေ PDF တွေနဲ့ ရဲက အဆက်အသွယ်ရပြီး ဝက်မှေးရွာထဲက ထွက်ပြီး အလင်းဝင်လာတာ။ သေနတ်တော့ ပါမလာဘူး။ သေနတ်ယူပြီး မလာရဲလို့တဲ့ ။ ကျည်ထုပ်ရယ် ဘောက် ၃ ဘောက်ရယ် ပါလာတာ”ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အပေါင်းပါများသည် ဝက်မှေးရွာထဲတွင် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်တပ်စွဲထားခြင်းဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

အလားတူ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင်လည်း စစ်ကြောင်းထိုးနေသော စစ်တပ်၏ တပ်မ ၂၂ စစ်ကြောင်းမှ စစ်သား ၂ ဦးမှာ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း ကော်ဘရာစစ်ကြောင်းတွင် ပါဝင်နေသော တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

မြ၀တီမြို့နယ်၊ လေးကေ့ကော်သို့ စစ်ကြောင်းထိုးနေသော တပ်မ ၂၂ စစ်ကြောင်းမှ စစ်သား ၂ ဦးက လက်နက် ၂ လက်ယူဆောင်လာပြီး ထွက်ပြေးလာကာ အလင်းဝင်လာခြင်းဖြစ်ကြောင်း၊ အလင်းဝင်လာချိန်တွင် ရွာသားတချို့က တွေ့ရှိ၍ ကော်ဘရာစစ်ကြောင်းထံသို့ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“၂၂ ကတော့ တစ်ဖြုတ်ဖြုတ်ကြွေပီး တိုးတိတိုးလေး ဝင်လာဒါကိုသတိထားမိမှာပါ ဒီလိုဖြစ်လာအောင် မို့လို့ကို့ ဆိုတဲ့ လူငယ်တစ်ယောက်ကလည်း နေ့မနားညမနား ပဲ ဦးဆောင်နေလို့ပါ နောက်လိုက်တွေကလည်း တကယ့်နောက်လိုက်ကောင်းတွေဆိုတော့ ဒီထက်မကအောင်မြင်မှုတေတွေ့မြင်ရဦးမှာပါ” ဟု ကော်ဘရာစစ်ကြောင်းမှ စော်ကော်က သူ၏ လူမှုကွန်ရက်တွင် ရေး သားထားသည်။

အလင်းဝင်လာသော စစ်သား ၂ ဦးကို ကော်ဘရာစစ်ကြောင်းက ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး ဆုငွေ ချီးမြှင့်ကာ ၎င်းတို့ သွားလိုသော နေရာဒေသဆီသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article