ဒီကနေ့ နိုဝင်ဘာ ၁၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်တပ်က သူတို့လိုအပ်နေတဲ့ နိုင်ငံခြားငွေ မရလို့ဆိုပြီး ပြည်ပကနေ ဟွန်ဒီနဲ့ ငွေလွဲနေကြတဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေနဲ့ အေဂျင်စီတွေကို အရေးယူဖို့ ညွန်ကြားထားပြန်တယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက် စစ်တပ်က ထိုင်းမြန်မာနယ်စပ် မြဝတီမြို့နယ်မှာရှိတဲ့ သောင်းရင်းမြစ်တစ်လျှောက်က သူတို့ စစ်တပ်လက်အောက်ခံ BGF နဲ့ KNL-PC ဂိတ်တွေကို သူတို့ဖျက်ဆီးနေပါတယ်ဆိုတဲ့ ပုံစံ လုပ်ပြနေတာ တွေကို သတင်းထုတ်ပြန်ထားပေမယ့် လက်တွေ့မှာတော့ အဲ့ဒီ့ဂိတ်တွေဟာ ဆက်လက်လည်ပတ်နေဆဲ ဖြစ်တယ်လို့ ကရင်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်က မှော်စီစာ ကျေးရွာ မိန်းလမ်းမ လမ်းဆုံမှာ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကို KIA ပူပေါင်းတပ်တွေက ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




