32 C
Yangon

“မြန်မာနိုင်ငံမှာ အာဏာသိမ်းလို ထွက်ပြေးလာတဲ့သူတွေ စစ်ဘေးရှောင်တွေ မလေးရှားမှာ အဖမ်းခံရရင် လူသားချင်းစာနာမှုအကူအညီတွေ တောင်းပေးတာမျိုးရှိတယ်။အဲဒါတွေကို သိဖိုအတွက် awareness တွေလုပ်ပေးပေမယ့် ဒီမှာတော့ အကုန်လုံးနီးပါးကတော့ ကျနော်တိုရဲ့ သတင်းစကားမရောက်ဘူး။”

Must read

Myanmar Affairs Alliance မှ Focal person ကိုစိုးထက်သိန်း နှင့် တွေ့ဆုံမေးမြန်းခြင်း

By ရန်ကုန်ခေတ်သစ်

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံကနေ တရားဝင်လာရောက် အလုပ်လုပ်သူတွေရော တရားမဝင်လာရောက် အလုပ်လုပ်ကိုင်သူတွေဟာ မြန်မာနိုင်ငံမှာ စစ်အာဏာမသိမ်းခင်ကတည်းက များစွာရှိနေပါတယ်။ စစ်အာဏာသိမ်းပြီးနောက် စစ်တပ် ဖမ်းဆီးမှုကြောင့် ထွက်ပြေးလာသူတွေ ပြည်တွင်းမှာ အလုပ်ကိုင်ရှားပါးလို လာရောက်အလုပ်လုပ်သူတွေ ၊CDM တွေ စစ်ရှောင်တွေပါ ရောက်လာတာကြောင့် မလေးရှားရောက် မြန်မာနိုင်ငံသာ အရေအတွက်ဟာ များပြားလာပါတယ်။

တဖက်မှာလည်း မလေးရှားနိုင်ငံက သူတိုဆီကို တရားမဝင်လာရောက် သူတွေကို ဖမ်းဆီးပြီး မူရင်းနိုင်ငံကို ပြန်ပိုတာတွေ ခပ်စိတ်စိတ်လုပ်လာပြီး နေအိမ်ထဲထိကိုပါ ဝင်ရောက်ဖမ်းဆီးတာတွေကို ပြင်းပြင်းထန်ထန်လုပ်လာနေပါတယ်။

အဲဒီလို အခြေအနေမှာ မလေးရှားရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ဘယ်လိုပြုမူနေထိုင်မလဲ။ စစ်အာဏာသိမ်းမှုကြောင့် ရောက်လာသူတွေအနေနဲ့ကရော ဘယ်လိုမျိုးတွေ နေထိုင်ရမလဲ။ဘယ်လို ဥပဒေအကာကွယ်တွေ ယူလိုရလဲစတဲ့အကြောင်းအရာတွေ သိရအောင် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအရေး ဆောင်ရွက်ပေးနေတဲ့ Myanmar Affairs Alliance မှ Focal person ကိုစိုးထက်သိန်း နှင့် တွေ့ဆုံမေးမြန်း ထားပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article