30 C
Yangon

အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာသားပါ ပိုက်ဆံများနှင့် Money Flow လှုပ်ရှားမှုပြုလုပ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၂

ရန်ကုန်တော်လှန်ညီနောင်‌ ၄ဖွဲ့က အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် ရွေးကောက်ပွဲဆန့်ကျင်ကြောင်းရေးသားထားသည့် ပိုက်ဆံများ သုံးစွဲဖြန့်ဝေသည့် Money Flow လှုပ်ရှားမှု လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ Money Flow လှုပ်ရှားမှုကို စက်တင်ဘာနှင့် အောက်တိုဘာ ၂ လအတွင်း ငွေကျပ်သိန်း ၅၀ ဖိုးနီးပါး ဖြန့်ဝေ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ကြောင်း စာသားပါ ပိုက်ဆံများကို ပြည်သူအချင်းချင်း ဖြန့်ဝေသုံးစွဲ၍ အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်ရေးကို အတူပူးပေါင်းပါဝင်ပေးကြရန်လည်း ရန်ကုန်တော်လှန်ညီနောင်‌ ၄ဖွဲ့က တိုက်တွန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article