27 C
Yangon

ထိုင်းက လွှဲပြောင်းပေးလိုက်သော ရွှေကုက္ကိုလ် ကျားဖြန့်မြို့သစ် ထူထောင်သူ နိုင်ငံတကာရာဇဝတ်တရားခံ She Zhijiangကို တရုတ်အစိုးရက အထူးလုံခြုံရေးများဖြင့် တရုတ်ခေါ်ဆောင်၊ လေယာဉ်ပေါ်မှ ဆင်းချိန် လမ်းလျှောက်ရန်ပင် အားလျော့နေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ထိုင်းက လွှဲပြောင်းပေးလိုက်သော ရွှေကုက္ကိုလ် ကျားဖြန့်မြို့သစ် ထူထောင်သူ နိုင်ငံတကာရာဇဝတ်တရားခံ She Zhijiangကို တရုတ်အစိုးရက အထူးလုံခြုံရေးများဖြင့် Nanjing လေဆိပ်သို့ ခေါ်ဆောင်ရောက်ရှိလာကြောင်း သိရှိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် ထိုင်းအစိုးရက တရုတ်အစိုးရထံသို့ ကျားဖြန့်နှင့် လောင်းကစားမှုများအတွက် အလိုရှိနေသူ နိုင်ငံတကာ ရာဇဝတ်တရားခံ She Zhijiang ကို လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၁၂ ရက်နေ့ ည သန်းခေါင်ယံအချိန် တရုတ်နိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး အထူး လုံခြုံရေး ရဲများက ၎င်းကို တင်းကျပ်သော လုံခြုံရေးများဖြင့် ခေါ်ဆောင်သွားခဲ့ကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနများအားလုံးလိုလိုက ထုတ်လွှင့်ထားသည်။

မြ၀တီမြို့နယ်တွင် ရွှေကုက္ကိုလ်နှင့် “Asia-Pacific New City” မြို့သစ်များ ထူထောင်၍ ကျားဖြန့် ငွေလိမ်ဂိုဏ်းများ ထူထောင်ခဲ့သော She Zhijiang ကို တရုတ်အစိုးရက အထူးအလိုရှိနေခြင်းဖြစ်သည်။ ၎င်းမှာ အွန်လိုင်းလောင်းကစား ပလက်ဖောင်း ၂၀၀ ကျော်မှ တစ်ဆင့် တရုတ်နိုင်ငံသားများကို တရုတ်ယွမ်ငွေ ဘီလီယံ ပေါင်းမြောက်မြားစွာ လိမ်လည်ခဲ့ပြီး တရုတ်နိုင်ငံသားများကိုပါ လူကုန်ကူးခြင်း၊ အတင်းအကျပ် ခိုင်းစေခြင်း၊ သတ်ဖြတ်ခြင်းများအထိ ကျူးလွန်ခဲ့မှုအတွက် အလိုရှိနေကြောင်း တရုတ်သတင်းများက ဆိုသည်။

သူ့ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အတွင်း ထိုင်းအစိုးရက ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ၎င်းကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ရန် တရုတ်က တောင်းဆိုခဲ့ပြီး ၂၀၂၅ ခုနှစ် အောက် တိုဘာလ ၂၂ ရက်နေ့တွင် ၎င်းကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးရန် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက အတည်ပြုဆုံးဖြတ်ခဲ့သည်။

၁၉၉၃ ခုနှစ် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား တရားခံ လွှဲပြောင်းပေး အပ် ရေးစာချုပ်အရ လွှဲပြောင်းပေး အပ်ခြင်းကို ဆောင်ရွက်နေခြင်းဖြစ်ပြီး၊ ယင်းအမှုမှာ နိုင်ငံဖြတ်ကျော်မှုခင်းများကို ကိုင်တွယ်ဖြေရှင်းရာတွင် ထိုင်းနှင့် တရုတ် အာဏာပိုင်များအကြား နီးကပ်စွာပူးပေါင်းဆောင်ရွက်နေခြင်းဖြစ် သည်။ ၎င်းကို လွှဲပြောင်းပေးရန် ထိုင်းအစိုးရနှင့် တရုတ်အစိုးရတို့အကြား အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ကမ္ဘောဒီးယားနိုင်ငံသားလည်းဖြစ်သော တရုတ်နိုင်ငံသား SHE Zhijiang သည် ကောလ်စင်တာနှင့် ကျားဖြန့် လောင်းကစားလုပ်ငန်းများအတွက် ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတွင် ကျားဖြန့် စီမံကိန်းမြို့သစ်များ အကောင် အထည်ဖော်ခဲ့သူဖြစ်သည်။

စစ်တပ် လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင် စောချစ်သူက SHE Zhijiang လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲကို ရွှေက္ကိုလ်တွင် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ပြီး ၎င်းကိုယ်တိုင် တက်ရောက် ဝတ်ပြုဆုတောင်းခဲ့သည်။

နိုင်ငံတကာ လောင်းကစား၊ ငွေလိမ်လုပ်ငန်းများကြောင့် အလိုရှိခံနေရသော ရာဇဝတ်တရားခံ SHE Zhijiang ဘေးကင်းရန်၊ ကျန်းမာစေရန်နှင့် ပြန် လည် လွတ်မြောက်ရန် ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် စောချစ်သူက ရွှေကုက္ကိုလ်တွင် လူရာနှင့်ချီ တက်ရောက်သည့် အခမ်းအနားပြု လုပ် ဝတ်ပြု ဆုတောင်းခဲ့ခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article