24 C
Yangon

ပေါက်နှင့် မြိုင်မြို့နယ်တို့တွင် စစ်တပ်က ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲနေ၍ ပြည်သူများ နေအိမ်များတွင် မနေရဲတော့ဘဲ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၃

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျေးရွာနှင့်နယ်မြေများကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်နေ၍ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်တွင် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ပေါက်မြို့နယ် အနောက်မြောက်ခြမ်းရှိ ဆေးကြီးတောင် တ၀ိုက်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်သွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု ပြည်သူများ ထိခိုက်မှုမရှိသော်လည်း လေကြောင်း တိုက်ခိုက်မှုများ ထပ်မံပြုလုပ်လာမည်ကို စိုးရိမ်သောကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိပါဘူး။ နေအိမ်ပျက်စီးတာမျိုးမရှိပါဘူး။ စစ်ခွေးတွေက ဆေးကြီးတောင်နားတ၀ိုက်တွေကို ကျဲသွားတာပါ။ ထိခိုက်ပျက်စီးတာမျိုးမရှိပါဘူး” ဟု ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်ကပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာအနီးကိုလည်း အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၆ မိနစ်ခန့်တွင် ပခုက္ကူ တပ်မ ၁၀၁ မှ တက်လာသော စက်တပ်လေထီး ၂ စီးက မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာအနီးကို ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

“အဲဒီဘက်က စစ်ခွေး စစ်ကြောင်းရှိတော့ လမ်းရှင်းပေးတဲ့ ပုံစံမျိုးနဲ့ လေကြောင်းတိုက်ခိုက်သွားတာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိပါဘူး။ နေအိမ်ပျက်စီးတာမျိုးကို ကျွန်တော်တို့ ဆက်လက်စုံစမ်းဆဲပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လတ်တလော စစ်တပ်က ပေါက်မြို့နယ်နှင့် မြို့င်မြို့နယ်အတွင်း စစ်ကြောင်းများစွာဖြင့် စစ်တပ်က စစ်ကြောင်းထိုးလာနေကြောင်း၊ အဆိုပါစစ်တပ်စစ်ကြောင်းများတွင် ပျူစောထီးများ၊ စစ်မှုထမ်းတပ်သားသစ်များဖြင့် အင်အား ရာချီပါဝင်လာကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဓာတ်ပုံ – အညာဒေသတွင် စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူပိုင်နေအိမ်များ မီးလောင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အညာဒေသတွင် စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူပိုင်နေအိမ်များ မီးလောင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article