ဒီကနေ့ နိုဝင်ဘာ ၁၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကြံ့ဖွတ်ပါတီက လက်ရှိ စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲအတုကြီးမှာ အနိုင်ရပြီးရင်လည်း အစိုးရသစ်ဖွဲ့စည်း တဲ့အချိန် လက်ရှိ စစ်တပ်က ချမှတ်ထားတဲ့ နိုင်ငံရေး၊ ပေါ်လစီကိုသာ ဆက်လက်ကျင့်သုံးမယ်ဆိုပြီး ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီကိုယ်တိုင် ပြောဆိုလာတယ်လို့ ကြံ့ဖွတ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ထိုင်းနိုင်ငံက လွှဲပြောင်းပေးလိုက်တဲ့ မြန်မာအကြမ်းဖက် စစ်တပ် လက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူရဲ့ ကိုးကွယ်ရာ ရွှေကုက္ကိုလ် ကျားဖြန့်မြို့သစ် ထူထောင်သူ နိုင်ငံတကာရာဇဝတ်တရားခံ ရှိကျင်ကျန်းကို တရုတ်အစိုးရက အထူးလုံခြုံရေးတွေနဲ့ ခေါ်ထုတ်သွားပြီး လေယာဉ်ပေါ်ကနေ ဆင်းတဲ့အချိန် လမ်းလျှောက်ဖို့တောင် အားလျော့နေတယ်လို့ တရုတ်သတင်းတွေမှာ ဖော်ပြထားပါတယ်။
- အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး ICC က အကြမ်းဖက် မင်းအောင်လှိုင်ကို အမြန်ဆုံး ဖမ်းဝရမ်းထုတ်ဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကပါ ICC တရားရုံးရဲ့ တရား စီရင်ပိုင်ခွင့်ကို အသိအမှတ်ပြုထားတဲ့ ကြေညာချက်ကို သံအမတ်ကြီး ဦးကျော်မိုးထွန်း က ကုလသမဂ္ဂအစည်းအဝေးမှာ တင်ပြသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




