31 C
Yangon

KIA ထိန်းချုပ်ထားသော ကချင်ပြည်နယ်နှင့် ထိစပ်နေသော နယ်စပ်ဂိတ်များကို တရုတ်ဘက်က ပြန်လည်ဖွင့်လှစ်မှု တစ်စုံတစ်ရာ ညှိနှိုင်းမရှိခဲ့ဟု ဗိုလ်မှူးကြီးနော်ဘူ ပြော

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၄

ကချင်ပြည်နယ်တွင် KIO/KIA ထိန်းချုပ်ထားသော နယ်စပ်မြို့များနှင့် ထိစပ်လျက်ရှိသော နယ်စပ်ဂိတ်များကို တရုတ်နိုင်ငံက ပြန်လည်ဖွင့်လှစ်လိုက်ပြီး ယင်းသို့ ဖွင့်လှစ်ရန် တစ်စုံတစ်ရာ ညှိနှိုင်းမှုမရှိခဲ့ကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၅ ရက်နေ့မှစတင်ပြီး တရုတ်နိုင်ငံက တစ်ဖက်သတ် ပိတ်ပင်ထားသော နယ်စပ်ဂိတ်များကို ပြန်လည် ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး ယင်းသို့ နယ်စပ်ဂိတ်များ ဖွင့်လှစ်ရန် တစ်စုံတစ်ရာ ညှိနှိုင်းမရှိကြောင်း၊ တရုတ်နိုင်ငံက ၎င်းတို့ ပိတ်ထားသည့် ဂိတ်များကို ၎င်းတို့သဘောဖြင့် ပြန်လည် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

တရုတ်က ပြန်လည်ဖွင့်လှစ်လိုက်သည့် နယ်စပ်ဂိတ်များတွင် မန်၀ိုင်းကြီး၊ လွယ်ဂျယ်၊ မိုင်ဂျာယန်၊ လိုင်ဇာ၊ ကန်ပိုက်တီ၊ ပန်ဝါနှင့် ဖီမော်တို့ ဖြစ် ကြောင်း၊ ယင်းသို့ နယ်စပ်ဂိတ်များကို တရုတ်နိုင်ငံက ပြန်လည် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“KIO/KIA နဲ့ ညှိနှိုင်းတာမရှိပါဘူး။ တရုတ်က သူတို့ဘာသာ ပြန်ဖွင့်တာပါ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

အဆိုပါ နယ်စပ်ဂိတ်များမှတစ်ဆင့် ကုန်သွယ်ရေးများ ပြန်လည် စတင်နေသော်လည်း တရုတ်ဘက်က ကန့်သတ်ချက်တချို့ရှိနေကြောင်း၊ စားနပ်ရိက္ခာနှင့်လူသုံးကုန်များ တင်သွင်းမှုများ ရရှိသည်ဟု သိရှိထားကြောင်း KIA သတင်းရင်းမြစ်တစ်ခုက ရှင်းပြသည်။

KIA က နယ်စပ်မြို့များကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် တရုတ်နိုင်ငံက တစ်ဖက်သတ် နယ်စပ်ဂိတ်များကို ပိတ်ပင်ခဲ့ကာ ယခုအခါတွင်မှ ပြန်လည် ဖွင့်လှစ်ခြင်းဖြစ်သည်။

ဓာတ်ပုံ – တရုတ်-မြန်မာနယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်နေသည့် KIA တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းများ အသုံးပြုထားပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article