27 C
Yangon

မောတောင်မြို့သိမ်းတိုက်ပွဲတွင် BPLA က ပါဝင်တိုက်ခိုက်ပြီး မြို့သိမ်းဓာတ်ပုံများ ထုတ်ပြ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၄

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့သိမ်းတိုက်ပွဲတွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်-BPLA က ပါဝင်တိုက်ခိုက်ခဲ့ပြီး မြို့သိမ်းဓာတ်ပုံများကို BPLA မှ မောင်ဆောင်းခက လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြသည်။

ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်အစောပိုင်း မောတောင်မြို့ကို ကာကွယ်ထားသော စစ်တပ်၏စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မောတောင်မြို့တစ်ခုလုံးကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များ က သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး စစ်ကော်မရှင်တပ်သားများမှာ ထိုင်းဘက်သို့ အသုတ်လိုက် ထွက်ပြေးသွားကြောင်း၊ ထိုင်းအာဏာပိုင်များထံသို့ လက်နက်များ အပ်နှံပြီး ခိုလှုံသွားခဲ့ကြောင်း သိရှိရသည်။

“ဘားပလက်က နယ်မရွေးဘူး” ဟု BPLA မှ ရဲဘော်မောင်ဆောင်းခက လူမှုကွန်ရက်တွင် ဓာတ်ပုံများနှင့်တကွ သတင်းထုတ်ပြန်ထားသည်။

မောတောင်မြို့ကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက လပေါင်းများစွာ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်ပြီး တော်လှန်ရေးတပ်ပေါင်းစုက အပြီးသတ် ထိုးစစ်ဆင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်အစောပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article