27 C
Yangon

မောတောင်မြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၄

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ မောတောင်မြို့ ကို တော်လှန်ရေးတပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိကြောင်း CDM ဗိုလ်မှူး တင်လင်းအောင်က လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။

CDM ဗိုလ်မှူးတင်လင်းအောင်သည် မောင်တောမြို့သိမ်းတိုက်ပွဲ မြေပြင်အထိရောက်ရှိနေပြီး ဖမ်းဆီးရရှိသော စစ်သုံ့ပန်းများနှင့် သိမ်းဆည်းရရှိထားသော လက်နက်ခဲယမ်းများ၏ ဓာတ်ပုံများကို သတင်းထုတ်ပြန်ထားသည်။

ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် အစောပိုင်း မောတောင်မြို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ မောတောင်ရှိ နောက်ဆုံးကျန်ရစ်နေသော စစ်တပ်၏ စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မောတောင်မြို့ကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ မောတောင်မြို့ကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက လပေါင်းများစွာ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်ပြီး တော်လှန်ရေးတပ်ပေါင်းစုက အပြီးသတ် ထိုးစစ်ဆင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်အစောပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

မောတောင်မြို့သိမ်းတိုက်ပွဲတွင် KNLA က ဦးဆောင်ပြီး BPLA အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်များ၊ မဟာမိတ်တော်လှန်ရေးတပ်များစွာ ပါ၀င် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article