ရန်ကုန်၊ နိုဝင်ဘာ ၁၇
တြိဂံတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ်၏ ခြေမြန်တပ်ရင်း အမှတ် ၅၂၈ မှ ဗိုလ်ကြီး ဖြိုးကိုကိုကျော်နှင့် မိန်းမ နဒီမြဝင်းတို့က အွန်လိုင်းငွေစုသည်ဟုဆိုကာ ရှယ်ယာရှင်များ ခေါ်ယူပြီးနောက် ရှယ်ယာငွေ သိန်း ၃၀၀၀ ကျော်ကို လိမ်လည်ထားကြောင်း လိမ်လည်ခံရသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်တက္ကသိုလ်အပတ်စဉ် ၆၂ ကျောင်းဆင်း ဗိုလ်ကြီး ဖြိုးကိုကိုကျော်မှာ ခမရ ၅၂၈ တွင် တာဝန်ထမ်းဆောင်နေစဉ် အွန်လိုင်းမှတစ်ဆင့် ငွေစုသည့် ရှယ်ယာရှင်များ ခေါ်ယူခဲ့ကြောင်း၊ ထိုသို့ ရှယ်ယာရှင်များကို ခေါ်ယူရာတွင် မိန်းမဖြစ်သူ နဒီမြဝင်း၏ ဘဏ်အကောင့်များဖြင့် ငွေစုသည့် ရှယ်ယာများကို လက်ခံခဲ့ကြောင်း၊ ယင်းနောက် ရှယ်ယာစုသည့် ငွေကြေးနှင့် အမြတ်များကို ပုံမှန်ပေးဝေနေရာမှ ရှယ်ယာငွေပမာဏသည် သိန်းထောင်ချီ ဖြစ်လာသော အခါမည်သည့် အမြတ်ဝေစုကို လုံး၀ မပေးတော့ကြောင်း၊ ထို့ကြောင့် ရှယ်ယာငွေ ထည့်ဝင်ထားသူများက ၎င်းတို့ ထည့်ဝင်ထားသည့် ငွေကြေးများ ပြန်လည်ပေးအပ်ရန် တောင်းဆိုသောအခါ သတ်ဖြတ်ပစ်မည်ဟု လည်းကောင်း၊ PDF ထောက်ပို့ အမည်တပ်၍ ဖမ်းဆီး အစဖျောက်မည်ဟု လည်းကောင်း အမျိုးမျိုး ခြိမ်းခြောက်ပြောဆိုနေကြောင်း သိရှိရသည်။
“အွန်လိုင်းရှယ်ယာစုကြေးစုပြီး လင်ရောမယားရော အဲဒီငွေတွေကို သုံးစွဲပြီး တာဝန်မယူဘဲ စုကြေးရှယ်ယာပါသူတွေကို လာတောင်းရင် ဖမ်းခိုင်းမယ်။ အစဖျောက်ပစ်မယ်ဆိုပြီး ပြောတယ်။ အားလုံးပါသွားတာက ငွေကျပ် သိန်း ၃၀၀၀ ကျော်ပါတယ်။ မိန်းမက လိမ်တယ်။ လင်က ရှယ်ယာရှင်္င်တွေကို နင်တို့ကို အကုန်လုံးဖမ်းပြီး အသက်ပါဖျောက်ပစ်လို့ရတယ်လို့ ခြိမ်းခြောက်တယ်” ဟု လိမ်လည် ခံရသူတစ်ဦးက ပြောဆိုသည်။
ခမရ ၅၂၈ မှ ဗိုလ်ကြီး ဖြိုးကိုကိုကျော်နှင့် မိန်းမ နဒီမြဝင်းတို့၏ လိမ်လည်မှု ခံနေရသော ပြညသူအရေအတွက်မှာ ၅၀ ဦးဝန်းကျင်ရှိကြောင်း၊ သက် ဆိုင်ရာ တပ်ရင်းမှူး၊ တိုင်းမှူးများထံသို့ တိုင်ကြားသော်လည်း မည်သည့် အရေးယူမှု မရှိကြောင်း သိရှိရသည်။
“ခမရ ၅၂၈ တပ်က အပတ်စဉ် ၄၈ ကျောင်းဆင်း စစ်အရာရှိကြီးတွေကို အဘလေးရဲ့ IO ကငွေတွေ လိမ်နေတယ်လို့ တိုင်တော့လည်း သူက ဘာမှအရေးမယူဘဲနေတယ်။ အဲဒီတော့ ဗိုလ်ကြီးဆိုသူက ရှယ်ယာရှင်တွေအကုန်လုံးကို နင်တို့ကို အကုန်လုံးဖမ်းပြီး အသက်ပါဖျောက်ပစ်လို့ရတယ်လို့ ခြိမ်းခြောက်ပြောတယ်”ဟု လိမ်လည်ခံရသူ အခြားတစ်ဦးက ထပ်မံပြောဆိုသည်။
ဗိုလ်ကြီး ဖြိုးကိုကိုကျော်နှင့် မိန်းမ နဒီမြဝင်းတို့က ငွေကြေးများ သိန်းထောင်ချီ လိမ်လည်ပြီးနောက် မြေကွက်များ ဝယ်ခြင်း၊ ကားများဝယ်ခြင်းများဖြင့် သူဌေးကဲ့သို့ သုံးစွဲနေကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




