28 C
Yangon

ပေါက်မြို့နယ်တွင် စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်ပြီး ပြည်သူ ၇ ဦးကိုသတ် ဖြတ်ကာ လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ၊ ကျေးရွာ ၂၇ ခုမှ ပြည်သူ ၁ သောင်းကျော် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၇

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်နေပြီး ပြည်သူ ၇ ဦးကိုသတ်ဖြတ်ကာ လေ ကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲနေ၍ ကျေးရွာ ၂၇ ရွာမှ ပြည်သူ ၁ သောင်းကျော် ဘေးလွတ်ရာထွက်ပြေးနေရကြောင်း ဒေသပြည်သူများနှင့် အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှ စတင်ပြီး ပေါက်မြို့နယ်မြောက်ပိုင်းကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၃ စစ်ကြောင်းဖြင့် စစ်ကြောင်းထိုးနေခြင်းကြောင့် ကျေးရွာ ၂၇ ရွာမှ ပြည်သူ ၁၇၀၀၀ နီးပါးသည် တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ပေါက်မြို့နယ် အတွင်းကို မြိုင်စက်မှု ၂ မှ ထွတ်လာသော အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းသည် ပေါက်မြို့နယ် အရှေ့မြောက်ပိုင်း ဆေးပင်ကြီးရွာနှင့် ကမ္ဘာဖြူရွာအနီး ရောက်ရှိနေကြောင်း၊ ပေါက်မြို့နယ် ကပစ ၂၄ လက်နက်ရုံမှ ထွတ်လာတဲ့ အင်အား ၁၈၀ ကျော်ပါ စစ်ကြောင်းသည် ပေါက်မြို့နယ် အနောက်မြောက်ခြမ်း ချောင်းဆုံရွာနှင့် မျဥ်းချောင်းရွာကို ရောက်နေကြောင်း၊ ပေါက် ကပစ ၂၄ လက်နက်စက်ရုံမှ အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းသည်လည်း ပေါက်မြို့နယ် မြောက်ပိုင်း ရွှေဘုံသာ ပျူစောထီးရွာမှ တဆင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ချိုင်ဇောက် အောက်စုရွာအနီးကို ရောက်ရှိနေကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ပေါက်မြို့နယ် မြောက်ပိုင်းကိုလည်း ယမန့် နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၇ နာရီကျော်ခန့်ကစတင်ပြီး Y-12 လေ ယာဉ်ဖြင့် ဗုံး ၆၆ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် လေယာဉ်၊ စက်တပ်လေထီးများဖြင့်လည်း ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းများသည် အောက်တိုဘာလ ၂၄ ရက်နေ့က ထန်းတပင်ရွာကို စစ်တပ် လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရှားပင်ရေရွာ မိုးကောင်းချောင်းမှ အသက် ၃၀ ကျော်အရွယ် ကိုရွှေမင်းနှင့် ရိုကြီးတောမှ အသက် ၄၀ အရွယ် ကိုကျော်နိုင်ထွန်းတို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ အလားတူ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဝက်ပုတ်ရွာ အရှေ့ဘုန်းတော်ကြီးကျောင်းအနီးတွင် အသက် ၄၀ နှစ်အရွယ် အမျိုးသမီး ၁ ဦး နှင့် အသက် ၅၂ နှစ်အရွယ် အမျိုးသား ၁ ဦးကို ထပ်မံ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

“စစ်ခွေးစစ်ကြောင်းက ပေါက်မြို့နယ်ထဲကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ထိုးနေတာ ပြည်သူတွေလည်း ရွာလုံးကျွတ် ထွက်ပြေးနေရတယ်။ မနေ့ကစပြီးတော့ ခွေးစစ်ကြောင်းတွေက ပေါက်မြို့နယ် ထဲမှာစုပြီးထိုးနေတာ ထွက်ပြေးနေရတဲ့ ပြည်သူတွေက ၁ သောင်းကျော်တယ်။ အဲစစ်ခွေး စစ်ကြောင်းက လမ်းမှာတွေ့သမျှ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်တာတွေလည်း လုပ်ဆောင်ခဲ့တယ်” ဟု အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article